တကယ်လိုအပ်နေတဲ့ပြည်သူတွေအတွက် အောက်စီမီတာတွေ လှူဒါန်းပေးခဲ့တဲ့ ဟိန်းမင်းသူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲကအချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် ဟိန်းမင်းသူကတော့ အောက်စီမီတာအလှူလေးကို ဒီနေ့မှာ ပြုလပ်ခဲ့ပါတယ်။ လတ်တလောမှာ အောက်စီမီတာတွေက ဝယ်ယူရခက်ခဲနေပြီး ပြည်သူတွေမှာတော်တော်လေးအခက်အခဲဖြစ်နေကြတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။

ဟိန်းမင်းသူကတော့ လိုအပ်နေတဲ့ ပြည်သူတွေနဲ့ ဝယ်ယူဖို့အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက်ကို စေတနာအရင်းခံနဲ့ သူတတ်နိုင်သလောက် လှူဒါန်းပေးသွားမှာပါတဲ့။ လောလောဆယ်မှာတော့ အောက်စီမီတာ (၁၀)လုံးကို အရင်ဆုံးလှူဒါန်းပေးခဲ့တာဖြစ်ပြီး လာရောက်အလှူခံတဲ့ သူတွေထဲကမှာ (၁၀)ယောက်ကို သေချာလေးရွေးချယ်ပြီး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ လိုအပ်နေတဲ့ ပြည်သူတွေကတကယ်ကို များနေတာကြောင့် နောက်ထက် ထပ်မံလှူဒါန်းနိုင်အောင်လည်း ကြိုးစားနေပါတယ်တဲ့။

ပြည်သူတွေအတွက် Mask တွေနဲ့ အစားအသောက်တွေကိုလည်း ဟိန်းမင်းသူက လှူဒါန်းပေးသွားဖို့လည်း အစီစဉ်ရှိနေပါသေးတယ်တဲ့။ CeleZone ပရိသတ်ကြီးရေ ဟိန်းမင်းသူကတော့ သူတတ်နိုင်သလောက် ပြည်သူတွေအတွက်တကယ်လိုအပ်နေတာတွေကို လှူဒါန်းပေးနေခဲ့တာဖြစ်ပြီး CeleZone ပရိသတ်ကြီးတွေက သူ့ရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Hein Min Thu

Zawgyi Font ဖြင့် ဖတ်ရန်





Source – Hein Min Thu