ပရိသတ်တွေနဲ့ စုပေါင်းကာ အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းရန် အလှူငွေ ငါးသိန်းထည့်ဝင် လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

Covid – 19 ရောဂါ ကူးစက်မှုနှုန်းတွေက မြန်မာနိုင်ငံမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများလာတာကို တွေ့ရပါတယ် ။ သေဆုံးသူတွေ ဆိုရင်လည်း နေရာတိုင်း နေ့တိုင်းလိုလိုဖြစ်နေရာ အဓိကကတော့ အောက်ဆီဂျင် အလုံအလောက် မရတာတွေကြောင့် အသက်တွေ ဆုံးရှုံးနေရတာပါ ။ 

ဒါကြောင့် ပြည်သူတွေ စုပေါင်းပြီး အောက်ဆီဂျင် အိုးများ လှူဒါန်းပေးကာ ကူညီပေးနေကြတာပါ ။ ပရဟိတ အသင်းတွေကလည်း နေ့ရော ညရော အောက်ဆီဂျင်တွေ တတ်နိုင်သလောက် ဖြည့်ကူပေးနေတာတွေ့ရပါတယ် ။ ဒါ့အပြင် အနုပညာရှင်တွေပါ ဝိုင်းဝန်းကူညီကာ အောက်ဆီဂျင် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပါ ။ 

အခုလည်း ဆောင်းယွန်းစံက ပရိသတ်တွေနဲ့ စုပေါင်းကာ ခိုင်နှင်းဝေရဲ့ အောက်ဆီဂျင် အလှူလေးမှာ ငွေကျပ် ငါးသိန်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်းဖော်ပြထားပါတယ် ။ ခုလို လိုအပ်နေချိန်မှာ တတ်နိုင်သလောက်ပါဝင်နေကြတာ တကယ်ကို လေးစားစရာမို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Saung Yoon San

-Zawgyi Font ဖြင့်ဖတ်ရန်-


သာဓု သာဓု သာဓု 🙏




Yuan – Cele Zone

Photo – Saung Yoon San