သာသနာ့ဘောင် ဝင်ရောက်ရင်း ပြည်သူတွေ အတွက်လည်း အောက်ဆီဂျင်အိုးတွေ လှူဒါန်းပေးခဲ့တဲ့ စူးရှထက်
စူးရှထက်ကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေ ဦးဆောင် လှူဒါန်းနေသူတစ်ဦးဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိသူ  ဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာလည်းပါ။  အလှူတွေကိုလည်း အမြဲမပြတ်လှူဒါန်းနေပြီး ဒီအခြေအနေမှာ တတ်နိုင်သလောက် ပါဝင်နေသူ တစ်ယောက်ပါ ။
သူမရဲ့ ချွေးနည်းစာ ငွေကြေးနဲ့ အလှူအတန်းတွေ ပြုလုပ်နေတာ ဖြစ်ပြီး အလှူရှင်တွေနဲ့ စုပေါင်းကာ ဒီလိုကာလမှာ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက် ကိုယ်တိုင် သွားရောက် လှူဒါန်းကုသိုလ်ပြု နေတာလည်း ဖြစ်ပါတယ်။ အခုလည်း သာသနာ့ဘောင်ကို ခေတ္တဝင်ရောက်နေတာ တွေ့ရပါတယ် ။
ဒီလိုဝင်ရောက်နေချိန်တောင် ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ပြည်သူတွေ အောက်ဆီဂျင် ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ လှူဒါန်းခဲ့တာကို တွေ့ရပါတယ် ။ အလှူပုံလေးတွေနဲ့ အတူ ” ဒီနေ့အတွက် ဆရာလေးရဲ့အောက်စီဂျင် အလှူလေးပါ ပါဝင်လှူဒါန်းပေးသော် ဒကာ ကိုအားပေါင်Ahpow Ahpow နဲ့ မိသားစု နောင်ဒီထက်မက အလှူရေစက်လက်နဲ့မကွာလှူဒါန်း နိူင်ပါစေ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓု ခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Zar Chi
-Zawgyi Font ဖြင့်ဖတ်ရန်-
သာဓု သာဓု သာဓု 🙏
Yuan – Cele Zone
Photo – Zar Chi
error: Content is protected !!