​ဈေးရောင်းရ ရန်ပုံငွေ(၁၀) သိန်းကို အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရန် အလှူလေးမှာ ပါဝင်လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အဆိုတော် ရေဗက္ကာဝင်းကတော့ လက်ရှိအခြေအနေတွေမှာ အလုပ်အကိုင် ရပ်နားထားရလို့ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်သလောက်ပါဝင်နေတာလည်း ဖြစ်ပါတယ်။

ပြည်သူတစ်ယောက်အနေနဲ့ ကျရာတာဝန်ထမ်းနေတဲ့ ရေဗက္ကာဝင်းကတော့ အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလမှာလည်း မြစ်ကြီးနားမြို့က ဆေးရုံမှာ အောက်ဆီဂျင် စက်ရုံဆောက်လုပ်ရန် အတွက် ပထမအကြိမ် ရန်ပုံငွေဈေးရောင်းပြီး ရရှိတဲ့ ငွေတွေထဲက (၁၀) သိန်းတိတိကို ပါဝင် လှူဒါန်းခဲ့ကြောင်းဖော်ပြထားပါတယ် ။

အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ပထမအကြိမ် ရန်ပုံငွေစျေးရောင်းပြီးရတဲ့ အလှူငွေကို လှူဒါန်းခဲ့ပါတယ်ရှင် တဆင့်သွားရောက်လှူဒါန်းပေးတဲ့ ချစ်လှစွာသော ပရဟိတမိခင် အဒေါ်ဖြစ်တဲ့ Dim Pre Lahpai Nangpri ကိုလဲကျေးဇူးတင်ပါတယ် Charity Sale မှာ ပါဝင်လှူဒါန်း အားပေးကြတဲ့သူအယောက်စီတိုင်းလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ကြီး၃ပါးကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင် PS: Account ထဲက friend တွေကိုလဲ spicy အနက်ရောင်တကယ်ပို့ပေးပါမယ် (လိပ်စာလေးတွေ ပို့ထားပေးပါ) ” ရေးသားထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Rebecca Win

-Zawgyi Font ဖြင့်ဖတ်ရန်

ေဈးေရာင္းရ ရန္ပုံေငြ(၁၀) သိန္းကို ေအာက္ဆီဂ်င္စက္႐ုံေဆာက္လုပ္ရန္ အလႉေလးမွာ ပါဝင္လႉဒါန္းခဲ့တဲ့ ေရဗကၠာဝင္း

သာဓု သာဓု သာဓု

ဂီတေလာကမွာ ေအာင္ျမင္မႈေတြအခိုင္အမာရရွိထားတဲ့ အဆိုေတာ္ ေရဗကၠာဝင္းကေတာ့ လက္ရွိအေျခအေနေတြမွာ အလုပ္အကိုင္ ရပ္နားထားရလို႔ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြကို ဆက္တိုက္ျပဳလုပ္ေနၿပီး တတ္ႏိုင္သေလာက္ပါဝင္ေနတာလည္း ျဖစ္ပါတယ္။

ျပည္သူတစ္ေယာက္အေနနဲ႔ က်ရာတာဝန္ထမ္းေနတဲ့ ေရဗကၠာဝင္းကေတာ့ အခုလို ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနတဲ့ ကာလမွာလည္း ျမစ္ႀကီးနားၿမိဳ႕က ေဆး႐ုံမွာ ေအာက္ဆီဂ်င္ စက္႐ုံေဆာက္လုပ္ရန္ အတြက္ ပထမအႀကိမ္ ရန္ပုံေငြေဈးေရာင္းၿပီး ရရွိတဲ့ ေငြေတြထဲက (၁၀) သိန္းတိတိကို ပါဝင္ လႉဒါန္းခဲ့ေၾကာင္းေဖာ္ျပထားပါတယ္ ။

အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ပထမအႀကိမ္ ရန္ပုံေငြေဈးေရာင္းၿပီးရတဲ့ အလႉေငြကို လႉဒါန္းခဲ့ပါတယ္ရွင္ တဆင့္သြားေရာက္လႉဒါန္းေပးတဲ့ ခ်စ္လွစြာေသာ ပရဟိတမိခင္ အေဒၚျဖစ္တဲ့ Dim Pre Lahpai Nangpri ကိုလဲေက်းဇူးတင္ပါတယ္ Charity Sale မွာ ပါဝင္လႉဒါန္း အားေပးၾကတဲ့သူအေယာက္စီတိုင္းလဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး ကပ္ႀကီး၃ပါးေက်ာ္လႊားႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးပါတယ္ရွင္ PS: Account ထဲက friend ေတြကိုလဲ spicy အနက္ေရာင္တကယ္ပို႔ေပးပါမယ္ (လိပ္စာေလးေတြ ပို႔ထားေပးပါ) ” ေရးသားထားရာ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Rebecca Win

 

error: Content is protected !!