ရတနာဗိုလ် ကို Surprise လုပ်ပေးခဲ့ကြတဲ့ ဆယ်လီ အနုပညာရှင်များ

Posted on

တက်သစ်စမင်းသမီးချောလေး ရတနာဗိုလ်ကတော့ အနုပညာလမ်းကြောင်းပေါ်လျောက်လှမ်းလာတာ မကြာသေးပေမယ့် သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တကယ့်ကိုပြောင်မြောက်လှတာကြောင့်ပရိသတ် တွေအားပေးလက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ရရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုအသစ် တွေကိုလည်း ဆက်တိုက်ဆိုသလို ကြိုးစားလုပ်ကိုင်နေတဲ့ သူမကတော့ ပရိသတ်တွေတင်မကဘူး အနုပညာရှင်တွေကပါချစ်ခင်ရတဲ့ မင်းသမီးချောလေးပါ ။

 

 

 

နိုဝင်ဘာလ (၁၆) ရက်နေ့ကတော့ မင်းသမီးချောလေး ရတနာဗိုလ်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ရတနာဗိုလ်နဲ့ အနုပညာရှင်တစ်သိုက်ကတော့ မန္တလေးမြို့ကို မင်္ဂလာဆောင်တစ်ခုကြောင့်ရောက်ရှိနေကြတာပါ ။ ရတနာဗိုလ်ရဲ့ မွေးနေ့လေးကို ချစ်ရတဲ့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ သွန်းဆက် ၊ ယုသန္တာတင် ၊ စစ်သွေး ၊ အောင်လေး ၊ စုနန္ဒာအောင်အပါဝင်တခြားအနုပညာရှင်သူငယ်ချင်းတွေက မွေးနေ့ကိတ် နဲ့Surprise လုပ်ပေးခဲ့ကြတာဖြစ်ပြီး မွေးနေ့အမှတ်တရ ပုံရိပ်တွေကိုတော့ သွန်းဆက်က ” ဗိုလ်လေး ကို စပရိုက်ပီး ပျော်ပျော်ပါးပါး မန်းလေး ဒင်နာ ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။

 

 

ဗိုလ်လေး တစ်ယောက် မွေးနေ့ကနေ စပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် အဖြစ် ရပ်တည်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း ဗိုလ်လေးအတွက်မွေးနေ့ ဆုတောင်းစကားလေးတွေ ရေးပေးခဲ့ပါဦးနော် ။

Source : Thun Sett
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Thun Sett
Emily