နေမကောင်းတဲ့ပြည်သူတွေအတွက် ကြက်ပေါင်းခေါက်ဆွဲတွေ ကိုယ်တိုင်လိုက်လံလှူဒါန်းပေးလိုက်တဲ့ လမင်းကဗျာ

ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် မင်းသမီးချောလေး လမင်းကဗျာကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လမင်းကဗျာတစ်ယောက် ဒီနေ့မှာ ပြုလုပ်တဲ့ အလှူလေးကတော့ နေမကောင်းဖြစ်နေတဲ့ ပြည်သူတွေအတွက် ကြက်ပေါင်းခေါက်ဆွဲတွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောမှာ ကိုဗစ်ကပ်ရောဂါကြောင့် နေမကောင်းဖြစ်နေတဲ့ ပြည်သူတွေများစွာရှိနေပြီး ကပ်ရောဂါကြီးကို အတူတူတိုက်ထုတ်တဲ့အနေနဲ့ အားရှိစေမယ့် အစားစာတွေကို ပြည်သူတွေအချင်းချင်းလှူဒါန်းပေးနေခဲ့ကြတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ လမင်းကဗျာကလည်း ဒီနေ့မှာ သူတတ်နိုင်သလောက် အလှူလေးအနေနဲ့ နေမကောင်းဖြစ်နေတဲ့အိမ် (၂၀)ကို သူကိုယ်တိုင် လိုက်လံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

သူလှူဒါန်းပေးတဲ့ ကြက်ပေါင်းခေါက်ဆွဲကိုစားပြီး ကိုယ်ခံအားတွေကောင်းပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း လမင်းကဗျာရဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Lamin Kabyar

Zawgyi Fontဖြင့် ဖတ်ရန်။

ေနမေကာင္းတဲ့ျပည္သူေတြအတြက္ ၾကက္ေပါင္းေခါက္ဆြဲေတြ ကိုယ္တိုင္လိုက္လံလွဴဒါန္းေပးလိုက္တဲ့ လမင္းကဗ်ာ

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ရုပ္ရွင္နဲ႕ဗီဒီယို ဇာတ္ပို႕ဇာတ္ရံသရုပ္ေဆာင္ မင္းသမီးေခ်ာေလး လမင္းကဗ်ာကေတာ့ ဒီေန႕မွာ အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ လမင္းကဗ်ာတစ္ေယာက္ ဒီေန႔မွာ ျပဳလုပ္တဲ့ အလွဴေလးကေတာ့ ေနမေကာင္းျဖစ္ေနတဲ့ ျပည္သူေတြအတြက္ ၾကက္ေပါင္းေခါက္ဆြဲေတြလွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

လတ္တေလာမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေနမေကာင္းျဖစ္ေနတဲ့ ျပည္သူေတြမ်ားစြာရွိေနျပီး ကပ္ေရာဂါၾကီးကို အတူတူတိုက္ထုတ္တဲ့အေနနဲ႕ အားရွိေစမယ့္ အစားစာေတြကို ျပည္သူေတြအခ်င္းခ်င္းလွဴဒါန္းေပးေနခဲ့ၾကတာ ပရိသတ္ေတြ သိရွိျပီးသားျဖစ္မွာပါေနာ္။ လမင္းကဗ်ာကလည္း ဒီေန႔မွာ သူတတ္နိုင္သေလာက္ အလွဴေလးအေနနဲ႕ ေနမေကာင္းျဖစ္ေနတဲ့အိမ္ (၂၀)ကို သူကိုယ္တိုင္ လိုက္လံလွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

သူလွဴဒါန္းေပးတဲ့ ၾကက္ေပါင္းေခါက္ဆြဲကိုစားျပီး ကိုယ္ခံအားေတြေကာင္းျပီး အျမန္ဆံုးျပန္လည္က်န္းမာလာေစဖို႕ကိုလည္း ဆုမြန္ေကာင္းေတြေတာင္းေပးထားပါေသးတယ္။ CeleZone ပရိသတ္ၾကီးေတြလည္း လမင္းကဗ်ာရဲ႕ ကာလဒါနအလွဴေလးကို သာဓုေခၚဆိုနိုင္ဖို႕ CeleZone ကေန ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Lamin Kabyar

error: Content is protected !!