ကိုဗစ်ရောဂါကြောင့် Lockdown ချခံထားရတဲ့ မိသားစုတွေအတွက် လိုအပ်တာ အဝဝကို လှူဒါန်းပို့ဆောင်ပေးခဲ့တဲ့ အိမ့်ချစ်

နာမည်ကြီးအဆိုတော် ချစ်ကောင်းရဲ့သမီးလေးဖြစ်တဲ့ အဆိုတော်အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုတစ်ထပ်တည်းနင်းနိုင်သူလေး ဖြစ်ပါတယ်။ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုတတ်တဲ့ အိမ့်ချစ်က ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဂီတလမ်းကြောင်းထက်မှာ အောင်မြင်နေတာ ဖြစ်ပါတယ်။ အိမ့်ချစ်က တစ်ကိုယ်တော်အခွေတွေထွက်ရှိအောင်မြင်ခဲ့သလို ရှိုးပွဲကြီးတွေမှာလည်း ပါဝင်ဖျော်ဖြေနေရတာဖြစ်ပါတယ်။

သီချင်းကောင်းလေးတွေ ဖန်တီးတတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမက လူငယ်ပရိသတ်တွေကြား ရေပန်းစားကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော်မလေးတစ်ဦးပဲ ဖြစ်ပါတယ်။အိမ့်ချစ်ကတော့ အလွမ်းအဆွေးစတဲ့ ဂီတအမျိုးအစားများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိပြီး အောင်မြင်နေသူတစ်ယောက် ပါ။

ဒါ့အပြင် အရေးကြုံလာရင်လည်း ပြည်သူတွေဘက်ကနေ ရပ်တည်လျက်ရှိရာ အခုလည်း ကိုဗစ်ရောဂါခံစားနေရတဲ့ ပြည်သူတွေကို ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဒါကတော့ Lockdown ချခံထားရတဲ့ မိသားစုအတွက် ဆေးဝါးများ ၊ မုန့်များ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ် ။ တကယ်ကို မွန်မြတ်လွန်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Eint Chit 

– Zawgyi Fontဖြင့် ဖတ်ရန် –


သာဓု သာဓု သာဓု🙏




Yuan – Cele Zone

Photo – Eint Chit