သားသားလေးရဲ့ (၂)နှစ်ပြည့်မွေးနေ့မှာ ရင်ထဲကမေတ္တာတွေနဲ့ စာလေးတစ်စောင်ရေးသားခဲ့တဲ့ မေမေပိုးအိအိခန့်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပိုးအိအိခန့်နဲ့ လက်ရွေးစင်ဘောလုံးကစားသမား အောင်သူတို့ရဲ့ သားဦးလေးဖြစ်တဲ့ သွင်ဦးဟန် လေးကတော့ မနေ့က ဇူလိုင် (၁၉)ရက်နေ့က အသက် (၂)နှစ်ပြည့်မြောက်သွားခဲ့ပါတယ်။ သားသားလေးရဲ့ (၂)နှစ်ပြည့်မွေးနေ့လေးမှာတော့ မေမေပိုးအိအိခန့်ကနေ သားလေးအပေါ်ထားရှိတဲ့ ရင်ထဲက မေတ္တာတွေနဲ့ စာလေးတစ်စောင်ရေးသားဖော်ပြလာခဲ့ပါတယ်။

“မေမေ့သားလေးရေ Happy Birthday ပါ။ သားလေးတောင်(၂) နှစ်တောင်ပြည့်သွားပြီ အချိန်တွေကအရမ်းမြန်တာပဲ သားရယ်။ တစ်နည်းအားဖြင့် မေမေ့ ကိုယ်ပိုင်အချိန်တွေ မရှိခဲ့တာ (၂) နှစ်ပြည့်သွားပြီပေါ့သားရယ်။သားလေးမွေးနေ့ကို အကြောင်းပြုပြီး မေမေက စာလေး တစ်စောင်ရေးချင်တယ်။ သားလေးရေ.. သားလေးက မေမေ့ ဘဝပါ။ အရာရာ တိုင်းမှာ သားလေးက မေမေ့ရဲ့ နံပါတ် (၁) ပါ။ မေမေပျော်ဖို့ထက် သားလေးပျော်ဖို့ နံပါတ် (၁) မေမေစိတ်ချမ်းသာဖို့ထက် သားလေးစိတ်ချမ်းသာဖို့ နံပါတ် (၁) မေမေ မပျင်းဖို့ထက် သားလေးမပျင်းဖို့ နံပါတ်(၁) မေမေ အစားစားဖို့ထက် သားလေး အစားစားဖို့ နံပါတ် (၁)အရာအားလုံးက သားလေးအတွက် သားလေးဆန္ဒက နံပါတ် (၁) ပါ သားရယ်။

အရင်က အလှလေးပြင်ပြီး နေတတ်တဲ့မေမေလည်း သားလေးရပြီး အလှမပြင်နိုင်တော့ပါဘူးသားရယ်။ အရင်က ပျင်းတာနဲ့ ရုပ်ရှင်ကြည့်တတ်တဲ့မေမေလည်း ရုပ်ရှင်ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူးသားရယ်။ အရင်က အရမ်းအိပ်ပုတ်ကြီးတဲ့မေမေလည်း သားလေးအတွက်ဆို မအိပ်ရလည်း ဖြစ်တဲ့မေမေဖြစ်နေပါပြီ။ မေမေအပျိုတုန်းက နေမကောင်းဖြစ်ရင် ဝိုင်းဂရုစိုက်တာ ခံချင်လို့ နေမကောင်းတဲ့ရက် ရှည်ပါစေဆိုပြီး ဆေးတွေ မသောက်ဘဲ နေဖူးတဲ့ မေမေက အခုဆို ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ ငါဖျားလို့မဖြစ်ဘူးဆိုပြီး ဆေးတွေ ကြိုသောက်တတ်တဲ့မေမေဖြစ်နေပြီ။ အရင်ကဆို အားလူံးထက် အရင်ဆုံး သေတဲ့သူဖြစ်ချင်ပေမယ့် အခုဆို ငါ့သားလေးအတွက် ငါ အသက်ရှည်ရမယ်ဆိုပြီး အားတွေ တင်းတတ်နေတဲ့ မေမေဖြစ်နေပြီသားလေးရဲ့။

ဒါပေမယ့်ကျေနပ်ပါတယ်။ သားလေး မေမေ့နားမှာ ကျန်းမာ ပျော်ရွှင်စွာ ဆော့ကစားနေတာကို မြင်ရတိုင်း မေမေ့အချိန်တွေ နှစ်မြုပ်ရတာကို ပျော်တတ်နေပါပြီ သားလေးရယ်။ မေမေအရင်က ပြောခဲ့ဖူးသလို သားလေးငယ်ရွယ်စဉ်မှာ ပျော်ရွှင်ဖို့ မေမေ့တာဝန်ထားပါ။ သားလေး ကြီးလာလိူ့ လူ့လောကကြီးအကြောင်းသိလာတဲ့အခါကျရင်တော့ ကိုယ့်ဘာကိုယ် စိတ်ချမ်းသာအောင်နေတတ်ဖို့ သားကြိုးစားပေးပါနော်။ မေမေ့သားလေး လူတော် လူကောင်း လူလိမ္မာ လူယဉ်ကျေးလေး ဖြစ်ပါစေလိူ့ မေမေဆုတောင်းပေးသလို မေမေလည်း အတတ်နိုင်ဆုံး မေမေ့သားလေးကို ပဲ့ပြင်ဆုံးမ ပေးသွားပါမယ်သားရေ။

အခုငယ်တုန်းမှာတော့ ကျန်းကျန်းမာမာနဲ့ မေမေ့နားမှာ ပျော်ရွှင်စွာ ဆော့ကစားပေးပါ မေမေ့ဘဝလေးရေ” ဆိုပြီး သားသားလေးကြောင့် ပြောင်းလဲဖြစ်ပေါ်လာတဲ့ မေတ္တာတွေကို ဖော်ကျူးခဲ့တဲ့ စာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သာသားလေးအတွက် မွေးနေ့ဆုောတင်းနဲ့အတူ ပိုးအိအိခန့်ကဖော်ပြထားခဲ့တာပဲဖြစ်ပါတယ် CeleZone ပရိသတ်ကြီးရေ။

Source – Thwin Oo Han

Zawgyi Font ဖြင့်ဖတ်ရန်

သားသားေလးရဲ႕ (၂)ႏွစ္ျပည့္ေမြးေန႔မွာ ရင္ထဲကေမတၱာေတြနဲ႔ စာေလးတစ္ေစာင္ေရးသားခဲ့တဲ့ ေမေမပိုးအိအိခန႔္

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ပိုးအိအိခန႔္နဲ႔ လက္ေ႐ြးစင္ေဘာလုံးကစားသမား ေအာင္သူတို႔ရဲ႕ သားဦးေလးျဖစ္တဲ့ သြင္ဦးဟန္ ေလးကေတာ့ မေန႔က ဇူလိုင္ (၁၉)ရက္ေန႔က အသက္ (၂)ႏွစ္ျပည့္ေျမာက္သြားခဲ့ပါတယ္။ သားသားေလးရဲ႕ (၂)ႏွစ္ျပည့္ေမြးေန႔ေလးမွာေတာ့ ေမေမပိုးအိအိခန႔္ကေန သားေလးအေပၚထားရွိတဲ့ ရင္ထဲက ေမတၱာေတြနဲ႔ စာေလးတစ္ေစာင္ေရးသားေဖာ္ျပလာခဲ့ပါတယ္။

“ေမေမ့သားေလးေရ Happy Birthday ပါ။ သားေလးေတာင္(၂) ႏွစ္ေတာင္ျပည့္သြားၿပီ အခ်ိန္ေတြကအရမ္းျမန္တာပဲ သားရယ္။ တစ္နည္းအားျဖင့္ ေမေမ့ ကိုယ္ပိုင္အခ်ိန္ေတြ မရွိခဲ့တာ (၂) ႏွစ္ျပည့္သြားၿပီေပါ့သားရယ္။သားေလးေမြးေန႔ကို အေၾကာင္းျပဳၿပီး ေမေမက စာေလး တစ္ေစာင္ေရးခ်င္တယ္။ သားေလးေရ.. သားေလးက ေမေမ့ ဘဝပါ။ အရာရာ တိုင္းမွာ သားေလးက ေမေမ့ရဲ႕ နံပါတ္ (၁) ပါ။ ေမေမေပ်ာ္ဖို႔ထက္ သားေလးေပ်ာ္ဖို႔ နံပါတ္ (၁) ေမေမစိတ္ခ်မ္းသာဖို႔ထက္ သားေလးစိတ္ခ်မ္းသာဖို႔ နံပါတ္ (၁) ေမေမ မပ်င္းဖို႔ထက္ သားေလးမပ်င္းဖို႔ နံပါတ္(၁) ေမေမ အစားစားဖို႔ထက္ သားေလး အစားစားဖို႔ နံပါတ္ (၁)အရာအားလုံးက သားေလးအတြက္ သားေလးဆႏၵက နံပါတ္ (၁) ပါ သားရယ္။

အရင္က အလွေလးျပင္ၿပီး ေနတတ္တဲ့ေမေမလည္း သားေလးရၿပီး အလွမျပင္ႏိုင္ေတာ့ပါဘူးသားရယ္။ အရင္က ပ်င္းတာနဲ႔ ႐ုပ္ရွင္ၾကည့္တတ္တဲ့ေမေမလည္း ႐ုပ္ရွင္ဆိုတာ ဘာမွန္းေတာင္ မသိေတာ့ပါဘူးသားရယ္။ အရင္က အရမ္းအိပ္ပုတ္ႀကီးတဲ့ေမေမလည္း သားေလးအတြက္ဆို မအိပ္ရလည္း ျဖစ္တဲ့ေမေမျဖစ္ေနပါၿပီ။ ေမေမအပ်ိဳတုန္းက ေနမေကာင္းျဖစ္ရင္ ဝိုင္းဂ႐ုစိုက္တာ ခံခ်င္လို႔ ေနမေကာင္းတဲ့ရက္ ရွည္ပါေစဆိုၿပီး ေဆးေတြ မေသာက္ဘဲ ေနဖူးတဲ့ ေမေမက အခုဆို ခ်မ္းစိမ့္စိမ့္ျဖစ္လာတာနဲ႔ ငါဖ်ားလို႔မျဖစ္ဘူးဆိုၿပီး ေဆးေတြ ႀကိဳေသာက္တတ္တဲ့ေမေမျဖစ္ေနၿပီ။ အရင္ကဆို အားလူံးထက္ အရင္ဆုံး ေသတဲ့သူျဖစ္ခ်င္ေပမယ့္ အခုဆို ငါ့သားေလးအတြက္ ငါ အသက္ရွည္ရမယ္ဆိုၿပီး အားေတြ တင္းတတ္ေနတဲ့ ေမေမျဖစ္ေနၿပီသားေလးရဲ႕။

ဒါေပမယ့္ေက်နပ္ပါတယ္။ သားေလး ေမေမ့နားမွာ က်န္းမာ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနတာကို ျမင္ရတိုင္း ေမေမ့အခ်ိန္ေတြ ႏွစ္ျမဳပ္ရတာကို ေပ်ာ္တတ္ေနပါၿပီ သားေလးရယ္။ ေမေမအရင္က ေျပာခဲ့ဖူးသလို သားေလးငယ္႐ြယ္စဥ္မွာ ေပ်ာ္႐ႊင္ဖို႔ ေမေမ့တာဝန္ထားပါ။ သားေလး ႀကီးလာလိူ႔ လူ႔ေလာကႀကီးအေၾကာင္းသိလာတဲ့အခါက်ရင္ေတာ့ ကိုယ့္ဘာကိုယ္ စိတ္ခ်မ္းသာေအာင္ေနတတ္ဖို႔ သားႀကိဳးစားေပးပါေနာ္။ ေမေမ့သားေလး လူေတာ္ လူေကာင္း လူလိမၼာ လူယဥ္ေက်းေလး ျဖစ္ပါေစလိူ႔ ေမေမဆုေတာင္းေပးသလို ေမေမလည္း အတတ္ႏိုင္ဆုံး ေမေမ့သားေလးကို ပဲ့ျပင္ဆုံးမ ေပးသြားပါမယ္သားေရ။

အခုငယ္တုန္းမွာေတာ့ က်န္းက်န္းမာမာနဲ႔ ေမေမ့နားမွာ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေပးပါ ေမေမ့ဘဝေလးေရ” ဆိုျပီး သားသားေလးေၾကာင့္ ေျပာင္းလဲျဖစ္ေပါ္လာတဲ့ ေမတၱာေတြကို ေဖာ္က်ဴးခဲ့တဲ့ စာေလးကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန သာသားေလးအတြက္ ေမြးေန႕ဆုောတင္းနဲ႕အတူ ပိုးအိအိခန္႕ကေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္ CeleZone ပရိသတ္ၾကီးေရ။

Source – Thwin Oo Han