အစားအစာတွေကို ကိုယ်တိုင်အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်းပေးခဲ့တဲ့ အေးသီတာ

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အေးသီတာကတော့ ဒီနေ့မှာ ကိုဗစ်ကူးစက်ခံရတဲ့ပြည်သူတွေအတွက် အားရှိစေတဲ့ အစားအသာက်တွေကို လိုက်လံလှူဒါန်းပေးခဲ့ပါတယ်။

ပရိသတ်တွေသိရှိပြီးသာူဖြစ်တဲ့အတိုင်း ကိုဗစ်တတိယလှိုင်းက မြန်မာနိုင်ငံမှာ တော်တော်လေးကို ဆိုးရွားနေခဲ့ပြီး ကူးစက်ခံရသူတွေက အစားအစားအားရှိအောင် စားတဲ့နည်းက အခြေခံကျတဲ့ ကုသနည်းဖြစ်တာကြောင့် ရောဂါကူးစက်ခံရချိန်မှာ ချက်ပြုတ်စားသောက်နိုင်ခြင်းမရှိတဲ့ ပြည်သူတွေအတွက် အလှူရှင်တွေက တတ်နိုင်သလောက် အစားအစာတွေကို လှူဒါန်းပေးနေခဲ့ကြပါသေးတယ်။

ဒီနေ့မှာတော့ အေးသီတာက သူကိုယ်တိုင်ကလည်း ကိုဗစ်ကူးစက်ခံထားရတဲ့သူတွေအတွက် ကြက်ပေါင်းနဲ့ ကြက်ဥပြုတ်တွေကိုလှူဒါန်းသလို တေးသံရှင်အမွန်းလှူဒါန်းတဲ့ ငါးပေါင်း ပွဲရေ(၅၀)နဲ့အတူ စေတနာရှင်တစ်ယောက်ကလှူဒါန်းပေးတဲ့ ငှက်ပျောသီးတွေကို ကိုယ်တိုင် လိုက်လံပို့ဆောင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မွန်မြတ်ပြီး ဒီကာလမှာ ရောဂါဝေဒနာခံစားနေရတဲ့ သူတွေအဖို့ တကယ်ကို အကျိုးရှိလှတဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပေးနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ဒီအလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Aye Thida

ပရိသတ္ႀကီးေရ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ေအးသီတာကေတာ့ ဒီေန႔မွာ ကိုဗစ္ကူးစက္ခံရတဲ့ျပည္သူေတြအတြက္ အားရွိေစတဲ့ အစားအသာက္ေတြကို လိုက္လံလႉဒါန္းေပးခဲ့ပါတယ္။

ပရိသတ္ေတြသိရွိၿပီးသာူျဖစ္တဲ့အတိုင္း ကိုဗစ္တတိယလႈိင္းက ျမန္မာႏိုင္ငံမွာ ေတာ္ေတာ္ေလးကို ဆိုး႐ြားေနခဲ့ၿပီး ကူးစက္ခံရသူေတြက အစားအစားအားရွိေအာင္ စားတဲ့နည္းက အေျခခံက်တဲ့ ကုသနည္းျဖစ္တာေၾကာင့္ ေရာဂါကူးစက္ခံရခ်ိန္မွာ ခ်က္ျပဳတ္စားေသာက္ႏိုင္ျခင္းမရွိတဲ့ ျပည္သူေတြအတြက္ အလႉရွင္ေတြက တတ္ႏိုင္သေလာက္ အစားအစာေတြကို လႉဒါန္းေပးေနခဲ့ၾကပါေသးတယ္။

ဒီေန႔မွာေတာ့ ေအးသီတာက သူကိုယ္တိုင္ကလည္း ကိုဗစ္ကူးစက္ခံထားရတဲ့သူေတြအတြက္ ၾကက္ေပါင္းနဲ႔ ၾကက္ဥျပဳတ္ေတြကိုလႉဒါန္းသလို ေတးသံရွင္အမြန္းလႉဒါန္းတဲ့ ငါးေပါင္း ပြဲေရ(၅၀)နဲ႔အတူ ေစတနာရွင္တစ္ေယာက္ကလႉဒါန္းေပးတဲ့ ငွက္ေပ်ာသီးေတြကို ကိုယ္တိုင္ လိုက္လံပို႔ေဆာင္လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

မြန္ျမတ္ၿပီး ဒီကာလမွာ ေရာဂါေဝဒနာခံစားေနရတဲ့ သူေတြအဖို႔ တကယ္ကို အက်ိဳးရွိလွတဲ့ အလႉေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြကလည္း ဝမ္းေျမာက္ဝမ္းသာနဲ႔ သာဓုေခၚဆိုေပးေနခဲ့ၾကပါေသးတယ္။ CeleZone ပရိသတ္ႀကီးေတြလည္း ဒီအလႉေလးကို သာဓုေခၚဆိုႏိုင္ေစဖို႔ CeleZone ကေန ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Aye Thida