Ivy လေးက ကျာင်းမှာကိုယ်ထူကိုထ အလုပ်လေးတွေ လုပ်တတ်နေပြီလို့ကြွားလိုက်တဲ့ မေမေ အေသင်ချိုဆွေ

Posted on

Single Mother ဘဝနဲ့ ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်နေတဲ့ အေသင်ချိုဆွေကတော့ တကယ်ကို Strong ဖြစ်တဲ့ အမျိုးသမီး လေးတစ်ယောက်ဖြစ်သလို မိခင်ကောင်းတစ်ယောက် ပီသတဲ့ သူဆိုလည်း မှားမယ်မထင်ပါဘူး ။ ဖတဆိုးသမီးလေး ဗီဗီကို မိခင်မေတ္တာရော ဖခင်မေတ္တာပါပေးပြီး အချစ်တွေ ပုံပေးထားတဲ့ အေသင်ကတော့ ဗီအတွက်ဆို အမြဲတမ်းရှေ့က ရှိနေမယ့် မဟာတံတိုင်းကြီးပါပဲ ။ တနေ့တခြား လူလည်လေးဖြစ်လာတဲ့ ဗီဗီးကို အေသင်တစ်ယောက် ချစ်မဝနိုင်အောင်ကို ဖြစ်နေတာပါ ။

 

 

သမီးလေး ဗီဗီအတွက် အလုပ်တွေ အရမ်းကြိုးစားပြီး ပိုက်ဆံရှာနေရတဲ့ အေသင်ကတော့ တစ်ခါတလေ အနုပညာအလုပ်တွေကြောင့် သမီးလေးနဲ့ခွဲပြီး ခရီးတွေထွက်နေရပေမယ့် သမီးလေးကိုတော့ အဆက်သွယ်ပြတ်မခံပါဘူး ။ အခုလည်း တစ်နေ့တခြား အလည်လေးဖြစ်လာတဲ့ သမီးလေးကို အေသင်က ” ဒီနေ့ ဗီးဗီးလေး တို့ ကျောင်းမှာဖပ်ဖပ်လေးတွေလည်း ကိုယ်တိုင်လုပ်ရတယ် ဝက်ဝက်လေးတွေ မွေးတိုင်းလည်း ကစားရသေးတယ် ” လို့ ကျောင်းမှာ ကိုယ်ထူကိုယ်ထ အလုပ်လေးတွေ လုပ်တတ်လာတဲ့ ဗီဗီလေးအကြောင်း ပရိသတ်တွေကိုကြွားခဲ့ပါသေးတယ် ။

 

 

 

ပါးဖောင်းဖောင်း ၀၀ကစ်ကစ်လေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ Ivy လေးကတော့ ကျောင်းမှာ လူလည်မလေးဖြစ်နေပါပြီ နော် ။ အေသင်ကိုချစ်တဲ့ ပရိသတ်တွေကလည်း Ivy လေးကိုပါ အေသင်နဲ့ထပ်တူ ချစ်ပေးကြလို့ ဖခင်မေတ္တာငတ်ပေမယ့် ပရိသတ်တွေရဲ့ မေတ္တာတော့ အပြည့်၀ ရရှိထားတဲ့ ကံကောင်းတဲ့ သမီးလေး ဗီဗီကတော့ မေတ္တာတရားတွေ အပြည့်ဝရရှိနေပြီးသားပါ ။ ပရိသတ်ကြီးလည်း ဗီဗီလေးကို ချစ်ကြတယ်မလား ။

Source : Athen Cho Swe
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Athen Cho Swe
Emily