ကျားပေါက်နဲ့လုံးဝမပတ်သက်ဘူးလို့ ငြင်းဆိုခဲ့တဲ့ နီနီခင်ဇော်

Posted on

ပရိသတ်တွေအားလုံး စိတ်ဝင်စားနေကြတဲ့ သတင်းကတော့ ကျားပေါက်တို့ ဇနီးမောင်နှံကွာရှင်းပြတ်စဲ တဲ့သတင်းပဲဖြစ်ပါတယ် ။ သမီးလေး နှစ်ယောက်နဲ့သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်ခဲ့တဲ့ သူတို့ဇနီးမောင်နှံကတော့ အရမ်းကိုလိုက်ဖက်ညီခဲ့တာဖြစ်ပြီး ဘယ်လိုပြဿနာတွေကြောင့်လမ်းခွဲခဲ့ကြလဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလွန်းနေပါတယ် ။ ကျားပေါက်ဘက်က ပြတ်ပြတ်သားသား ကွာရှင်းပြီးပြီလို့ ပရိသတ်တွေကို ဖေ့ဘုတ်စာမျက်နှာထက်ကနေ အသိပေးခဲ့တာဖြစ်ပြီး ဇုံဇုံကတော့ ခင်ပွန်းသည်ကျားပေါက်ကို အရမ်းချစ်ခဲ့ပါတယ်လို့ ရေးသားထားတာလည်းတွေ့ရပါတယ် ။

 

ဒီ ကွာရှင်းပြတ်စဲမှုနဲ့ပတ်သက်ပြီး ကျားပေါက်နဲ့ပတ်သက်နေတဲ့ အမျိုးသမီးဘယ်သူလဲ ဆိုတာကတော့ကောလဟာလတွေ အမျိုးမျိုးထွက်ပေါ်လာခဲ့သလို နီနီခင်ဇော် နဲ့လား မယ်ရီနဲ့လားစသဖြင့် ထင်ကြေးအမျိုးမျိုးပေးနေကြတဲ့ အပေါ် နီနီကတော့ တရားဝင် ငြင်းဆိုလိုက်ပါပြီ ။ ” fb ပေါ်ကမှားယွင်းနေတဲ့ သတင်းတွေကိုချင့်ချိန်ပြီး ယုံစေချင်ပါတယ် နီနီ လုံး၀ လုံးဝမဟုတ်ပါ ။ တဖက်သားထိခိုက်စေတဲ့ စကားများမပြောကြဖို့ တောင်းပန်ချင်ပါတယ် စင်္ကာပူရှိုးနဲ့အလုပ်ရှုပ်ပြီး ကိုယ့်အလုပ်ကို လုပ်နေတာပါ ” လို့ ငြင်းဆိုထားတဲ့ စာသားတွေကိုရေးသားပြီး ပရိသတ်ကိုအသိပေးလာခဲ့ပါတယ် ။

 

နီနီ ပရိသတ်တွေကလည်း နီနီဘက်က မခံမရပ်နိုင်ဖြစ်နေကြသလို ဇုံဇုံဘက်က ပရိသတ်ကလည်း နီနီကို အပြင်းထန်ဝေဖန်တိုက်ခိုက်နေကြပါတယ် ။ အမှန်တရားမပေါ်ပေါက်သေးပေမယ့် ကောလဟာလတွေကြားမှာ မဆိုင်သူတွေ မထိခိုက်မနစ်နာစေဖို့ အကောင်းဘက်က မြင်ပေးကြပါလို့ ပရိသတ်တွေကိုတိုက်တွန်းလိုက်ပါရစေနော် ။ နီနီဘက်ကတော့ တရားဝင် ငြင်းဆိုလိုက်ပြီဖြစ်တဲ့အတွက် ဘာဆက်ဖြစ်ဦးမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရုံပဲရှိပါတော့တယ် ။

Source : Ni Ni Khin Zaw
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Ni Ni Khin Zaw
Emily