သာသနာ့ဘောင်ကနေ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင်သူရိယ

Posted on

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်း သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ သရုပ်ဆောင်သူရိကတော့ လက်ရှိမှာ လူဝတ်လဲလိုက်ပြီပဲ ဖြစ်ပါတယ်။ သာသနာ့ဘောင်မှာ ခဏတာခိုလှုံပြီး ဘုရားရဲ့ အေးချမ်းတဲ့အရိပ်အာဝသအောက်မှာ တရားအားထုတ်ရင်း လောကီရဲ့ပူလောင်မှုတွေကို ခေတ္တခဏမေ့ဖျောက်နိုင်ခဲ့ပါတယ်။ သာသနာ့ဘောင်မှာမွေ့လျော်ခဲ့တော့ မျက်နှာလေးက ပကတိ ကြည်လင်ပြီး အေးချမ်းနေပါတယ်။

အနုပညာလှုပ်ရှားမှုတွေလည်းရှိနေပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်း အပြည့်အဝ သိမ်းပိုက်ထားနိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ကတုံးလေးနဲ့ အရမ်းကို ခန့်ပြီးသန့်နေပြန်တဲ့ သူ့ရဲ့ပုံရိပ်တွေကိုလည်း လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါသေးတယ်။

အမြဲတမ်းသန့်ပြီးချောနေတဲ့ ပရိသတ်အချစ်တော်လေးက လူဝတ်လဲပြီးပြီးချင်းပုံရိပ်လေးကို ” ဦးပဉ္ဇင်း နာယကမှ သူရိယ ပြုပြုသမျှ ကုသိုလ် အမျှပေးဝေပါသည် ” ဆိုပြီး ဝေမျှပြီးနောက်မှာတော့ ” အမောင်ကတုံး selfie ” ဟုဆိုကာ နောက်ထပ် ပုံရိပ်အသစ်လေးတစ်ခုကို ထပ်မံဝေမျှခဲ့ပါသေးတယ်။ အရင်လိုအနုပညာလုပ်ငန်းတွေမှာ ပြန်မြင်ချင်နေပါပြီနော်။

Photo – Thu Riya
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Thu Riya
Happy – Cele Zone