သမီးလေးကာကွယ်ဆေးထိုးတာကိုကြည့်ပြီး မျက်ရည်လည်ခဲ့ရတဲ့ မေမေ စန္ဒီမြင့်လွင်
Posted on
အောင်မြင်ကျော်ကြားနေတဲ့ မိန်းကလေး ဟစ်ဟော့ အဆိုရှင်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ထူထောင်လိုက်နိုင်ပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့သမီးလေး ကိုလည်းမွေးဖွားထားပါသေးတယ် ။ လူငယ်ဘဝကနေ မိခင်ဘ၀ ရောက်သွားချိန်မှာတော့ သမီးလေးကိုပဲ ဂရုစိုက်ပြီး အချိန်ပေးနေတဲ့ မေမေ ဒီးဒီကတော့ သမီးလေးကိုတုန်နေအောင်ချစ်တယ်ဆိုတာ ပရိသတ်တွေ အမြင်ပါပဲနော် ။
ဒီနေ့မှာတော့ ဒီးဒီရဲ့ သမီးလေး ကာကွယ်ဆေးထိုးရတဲ့နေ့ဖြစ်ပြီး ” မေ့သဲလေးဒီနေ့ကာကွယ်ဆေးထိုးတာသနားပါတယ်ငိုလိုက်တာဆိုတာမေမေပါငိုချင်တယ်နော် ခုတော့အိပ်သွားရှာပီ ” ဆိုတဲ့စာသားလေးနဲ့အတူ သမီးလေးကို ဂရုဏာသက်စွာ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးထားတာကိုကြည့်ခြင်းအားဖြင့် ဒီးဒီ တစ်ယောက် ဘယ်လောက်မိခင်ပီသနေ လဲ ဆိုတာ တွေ့ရမှာပါ ။ အနုပညာရှင်အချို့ကလည်း သမီးလေးကို သနားနေကြပြီး ဂရုဏာသက်နေကြတာပါ ။
သမီးလေး Treasure ကတော့ ကာကွယ်ဆေးထိုးပြီး ငိုရလွန်းလို့ မောပြီးအိပ်သွားပြီဆိုပေမယ့် မေမေက တော့ စိတ်မကောင်းဖြစ်နေတုန်းပါပဲ တဲ့ ။ နှစ်ဖက် အဘိုးအဘွားတွေ နဲ့ အဒေါ်တွေ အားလုံးရဲ့ အသည်းကျော်လေး Treasure လေးကတော့ တကယ်ကံကောင်းတဲ့ သမီးလေးပါပဲနော် ။ ပရိသတ်ကြီးအတွက် Treasure လေးရဲ့ကာကွယ်ဆေးထိုး ပုံရိပ်တွေကို မျှဝေပေးလိုက်တယ်နော် ။
Source : Sandy Myint Lwin
Emily
ဇော်ဂျီဖြင့်ဖတ်ရန်
Emily