မင်းသမီးအဖြစ်ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီး မကြာခင်ပြသတော့မယ်ဆိုတဲ့ နန်းသီရိမောင်

Posted on

နန်းသီရိမောင်ဟာ Sexy model တစ်ယောက်ဖြစ်ပြီး ပုရိသ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်း လေးပါပဲနော် ။ သူမဟာ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေကို ပိုင်ဆိုင် ထားပြီး ဆွဲဆောင်မှုရှိတဲ့ ညှို့အားပြင်းတဲ့ မော်ဒယ်မလေးတစ်ယောက်ပါပဲနော် ။ သူမက သူမရဲ့အလန်းစားပုံရိပ်တွေကို ပုရိသတွေရဲ့ ရင်ခုန်သံတွေကို ဝုန်းဒိုင်း ကြဲသွား အောင် လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ပရိသတ်ကို အမြဲ တမ်း မျှဝေပေးလေ့ရှိပါတယ် ။ လတ်တလောမှာတော့ သူမကိုယ်တိုင်မင်းသမီးအဖြစ်ပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီး မကြာခင်လာတော့မယ်လို့ ပရိသတ်ကိုအသိပေးလိုက်ပါတယ်နော် ။

 

 

” ဝေး ” လို့အမည်ရတဲ့ ရုပ်ရှင်ကားကြီးကို (၂၀၁၈) ခုနှစ်နိုဝင်ဘာလ (၁၆) ရက်နေ့က ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပြီး မကြာခင်လာတော့မှာဖြစ်လို့ မျှော်ကြပါဦးလို့ ပရိသတ်ကို ပြောခဲ့တာပါ ။ သူမကို ပထမဆုံး ရုပ်ရှင်ကားကြီးမှာ ယုံကြည်မှုအပြည့်နဲ့ မင်းသမီးအသစ်တစ်ယောက်အဖြစ်မြေတောင်မြောက်ပြီး ခေါ်ရိုက်ပေးတဲ့ ဒို့မြန်မာ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ် ။ သူမလို ငအူမလေးကို ဘယ်လို သရုပ်ဆောင်ရတယ်ဆိုတာ စိတ်ရှည်လက်ရှည်သင်ကြားပြသပေးခဲ့တာကတော့ ဒါရိုက်တာကြီး ပြည့်ဟိန်းသီဟ ဖြစ်ပြီး ဒိုင်ယာလော့တွေ ချပေးတော့ စကားတွေ မှားတာလေးတွေ အူတူတူအတတလေးတွေ သည်းခံပေးခဲ့တဲ့ မင်းမော်ကွန်း ကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ် ။

 

 

နန်းလို အမိုက်စား ဘော်ဒီကောက်ကြောင်းတွေနဲ့ Sexy Model လေးက ဒီကားမှာ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းနဲ့ ဘယ်လိုအပေးယူမျှမျှ သရုပ်ဆောင်ထားမယ်ဆိုတာကတော့စိတ်လှုပ်ရှားစရာပါပဲနော် ။ ပရိသတ်ကြီးကလည်း ဒီကားလေး ထွက်ရင်အားပေးကြပါဦးလို့ နန်းကတောင်းဆိုထားတာမို့ အားပေးလိုက်ကြပါဦးနော် ။

Source : Nang Thiri Maung
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Emily