သူ့ကြောင့် အမာခံဖန်တွေကို မငိုစေချင်ဘူးလို့ ပြောလာတဲ့ နေလင်းကျော်

Posted on

တက္ကသိုလ်ကျောင်းသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ Week မှာတော့ စိတ်မကောင်းစွာဘဲ ပရိသတ်တွေ တခဲနက်အားပေးခဲ့တဲ့ ပြိုင်ပွဲဝင်နေလင်းကျော်က နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ် ။ သူကိုယ်တိုင်လည်း အများကြီးမျှော်လင့်ထားခဲ့တာမလို့ ပြုတ်သွားတဲ့အချိန်မှာပဲ ဟန်မဆောင်နိုင်အောင် မျက်ရည်ကျခဲ့တာကိုတော့ ပရိသတ်တွေ မျက်မြင်ပါပဲနော် ။ သူ့ရဲ့ အမာခံ We Love ဖန်တွေကလည်း ထပ်တူထပ်မျှ မျက်ရည်လည်ခဲ့ရတဲ့ Result Show ညကတော့ တကယ်ကို ကြေကွဲစရာ ပြီးဆုံးခဲ့ပါတယ် ။

 

 

 

ဖန်တွေကိုလည်း မငိုစေချင်သလို အစောကြီးထဲကလည်း တကယ်လို့ချွတ်ချော်သွားခဲ့သည်ရှိသော် သူ့ဘက်ကနေပဲ အားလုံးကိုအနူးညွတ်တောင်းပန်ပါတယ်လို့ တောင်းဆိုထားပြီးသားပါလို့ ပြောပြခဲ့ပါတယ် ။ အမှားတွေများလို့ ပြုတ်ခဲ့ပေမယ့် ချွေးနဲစာနဲ့ Voting ပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ ကျေးဇူးစကားဆိုခဲ့ပါသေးတယ် ။ ပြိုင်ပွဲတစ်လျှောက်မှာလည်း ဦးလတ်ပြောသမျှစကားတိုင်းက သူ့အတွက် မိုတီဗိတ်ရခဲ့တယ်လို့လည်းဆိုပါတယ် ။ သူ့ရဲ့အားနည်းချက်တွေကိုလည်း ကြိုးစားပြင်ဆင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်သူငယ်ချင်းတွေကို အရမ်းချစ်တဲ့အတွက် တစ်ယောက်ထွက်တိုင်း အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်းသိရပါတယ် ။

 

 

ပြိုင်ပွဲဝင် မူးလာကလည်း နေလင်းကျော်ထွက်ခွာသွားရလို့ အရမ်းငိုခဲ့သလို Result Show မတိုင်ခင်ထဲက စိတ်ထဲမှာထွက်ရတော့မှာလားမသိဘူးလို့ ကြိုခံစားခဲ့ရပြီး အကောင်းဆုံးနှုတ်ဆက်ထွက်ခွာသွားနိုင်အောင် ပြင်ဆင်ခဲ့တယ်လို့လည်း ပရိသတ်ကိုပြောပြခဲ့ပါတယ် ။ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ချွတ်ချော်သွားတဲ့အတွက်စိတ်မကောင်းပါဘူးလို့ တောင်းပန်စကားဆိုခဲ့ပါတယ် ။

Source :Sunday
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 

သူ႔ေၾကာင့္ အမာခံဖန္ေတြကို မငိုေစခ်င္ဘူးလို႔ ေျပာလာတဲ့ ေနလင္းေက်ာ္

တကၠသိုလ္ေက်ာင္းသီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ခဲ့တဲ့ Week မွာေတာ့ စိတ္မေကာင္းစြာဘဲ ပရိသတ္ေတြ တခဲနက္အားေပးခဲ့တဲ့ ၿပိဳင္ပြဲဝင္ေနလင္းေက်ာ္က ႏႈတ္ဆက္ထြက္ခြာခဲ့ရပါတယ္ ။ သူကိုယ္တိုင္လည္း အမ်ားႀကီးေမွ်ာ္လင့္ထားခဲ့တာမလို႔ ျပဳတ္သြားတဲ့အခ်ိန္မွာပဲ ဟန္မေဆာင္ႏိုင္ေအာင္ မ်က္ရည္က်ခဲ့တာကိုေတာ့ ပရိသတ္ေတြ မ်က္ျမင္ပါပဲေနာ္ ။ သူ႔ရဲ႕ အမာခံ We Love ဖန္ေတြကလည္း ထပ္တူထပ္မွ် မ်က္ရည္လည္ခဲ့ရတဲ့ Result Show ညကေတာ့ တကယ္ကို ေၾကကြဲစရာ ၿပီးဆုံးခဲ့ပါတယ္ ။

ဖန္ေတြကိုလည္း မငိုေစခ်င္သလို အေစာႀကီးထဲကလည္း တကယ္လို႔ခြၽတ္ေခ်ာ္သြားခဲ့သည္ရွိေသာ္ သူ႔ဘက္ကေနပဲ အားလုံးကိုအႏူးၫြတ္ေတာင္းပန္ပါတယ္လို႔ ေတာင္းဆိုထားၿပီးသားပါလို႔ ေျပာျပခဲ့ပါတယ္ ။ အမွားေတြမ်ားလို႔ ျပဳတ္ခဲ့ေပမယ့္ ေခြၽးနဲစာနဲ႔ Voting ေပးခဲ့ၾကတဲ့ ပရိသတ္ေတြအားလုံးကိုေက်းဇူးတင္ပါတယ္လို႔ ေက်းဇူးစကားဆိုခဲ့ပါေသးတယ္ ။ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာလည္း ဦးလတ္ေျပာသမွ်စကားတိုင္းက သူ႔အတြက္ မိုတီဗိတ္ရခဲ့တယ္လို႔လည္းဆိုပါတယ္ ။ သူ႔ရဲ႕အားနည္းခ်က္ေတြကိုလည္း ႀကိဳးစားျပင္ဆင္မွာျဖစ္ၿပီး ၿပိဳင္ပြဲဝင္သူငယ္ခ်င္းေတြကို အရမ္းခ်စ္တဲ့အတြက္ တစ္ေယာက္ထြက္တိုင္း အရမ္းစိတ္မေကာင္းျဖစ္ခဲ့ရတယ္လို႔လည္းသိရပါတယ္ ။

ၿပိဳင္ပြဲဝင္ မူးလာကလည္း ေနလင္းေက်ာ္ထြက္ခြာသြားရလို႔ အရမ္းငိုခဲ့သလို Result Show မတိုင္ခင္ထဲက စိတ္ထဲမွာထြက္ရေတာ့မွာလားမသိဘူးလို႔ ႀကိဳခံစားခဲ့ရၿပီး အေကာင္းဆုံးႏႈတ္ဆက္ထြက္ခြာသြားႏိုင္ေအာင္ ျပင္ဆင္ခဲ့တယ္လို႔လည္း ပရိသတ္ကိုေျပာျပခဲ့ပါတယ္ ။ အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္ ခြၽတ္ေခ်ာ္သြားတဲ့အတြက္စိတ္မေကာင္းပါဘူးလို႔ ေတာင္းပန္စကားဆိုခဲ့ပါတယ္ ။

Source :Sunday
Emily