Myanmar Idol ပြိုင်ပွဲကိုစိတ်မကောင်းစွာ ကျောခိုင်းနှုတ်ဆက်ခဲ့ရတဲ့ ပြိုင်ပွဲဝင် (၂) ယောက်

Posted on

တစ်ပတ်ထက်တစ်ပတ် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကြီးကတော့ အခုဆိုရင် တက္ကသိုလ်ကျောင်း သီချင်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ Result ဟာ ထွက်ပေါ်လာခဲ့ပါပြီ ။ Buttom ထိုင်ခဲ့ရတဲ့ပြိုင်ပွဲဝင်တွေကတော့ နေလင်းကျော် ၊ နှင်းအိအိဝင်း နဲ့ နော်စေးစေးထူးတို့ပဲဖြစ်ပါတယ် ။ ဘယ်သူတွေပြုတ်ပြီး ဘယ်တစ်ယောက်က Save ဖြစ်မလဲဆိုတာကို ပရိသတ်တွေက ရင်ခုန်စွာစောင့်မျှော်နေခဲ့ကြပေမယ့် စိတ်မကောင်းစွာပဲ အရည်ချင်းရှိတဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကတော့ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ် ။

 

ထွက်ခွာသွားရတဲ့ ပြိုင်ပွဲဝင်တွေကတော့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ပဲဖြစ်ပြီး Good Bye Song တွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရတာ တကယ်ကိုဝမ်းနည်းကြေကွဲစရာပါပဲ ။ အကြိတ်အနယ်အားပေးခဲ့ကြတဲ့ We Love Fan တွေနဲ့အတူ TV ဖန်သားပြင်က အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးကလည်း စိတ်မကောင်းဖြစ်ခဲ့ရတာပါ ။ ပြိုင်ပွဲဝင်တွေကလည်း မောင်နှမတွေလိုချစ်ချစ်ခင်ခင် နေခဲ့ကြတဲ့အတွက် မခွဲနိုင်မခွာရက်နဲ့ ဝမ်းနည်းကြေကွဲနေကြရတဲ့ မြင်ကွင်းတွေကတော့ တကယ်ကို စိတ်ထိခိုက်စရာပါပဲ ။

 

ပြိုင်ပွဲဝင်နှင်းအိအိဝင်းကလည်း သူမရဲ့ အစ်ကိုရေးစပ်ပေးထားတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းနဲ့ နှုတ်ဆက်ထွက်ခွာသွားခဲ့တာဖြစ်ပြီး သီချင်းရဲ့ အဓိပ္ပါယ်က တော့ ရှုံးနိမ့်သွားလည်း ပြန်ထပြီး အားမလျှော့ဘဲ ဆက်ကြိုးစားနေမယ်ဆိုတဲ့ စာသားတွေပါဝင်တဲ့အတွက် သူမရဲ့ ခံစားချက်တွေကိုအထင်းသားပေါ်လွင်စေခဲ့တာပါ ။ ဒီတစ်ပတ်အတွက် ပြိုင်ပွဲက နှုတ်ဆက်ကျောခိုင်းသွားကြတဲ့ ပြိုင်ပွဲဝင်တွေအတွက် အားပေးစကားလေးပြောပေးခဲ့ပါဦးနော် ပရိသတ်ကြီး ။

Source : Myanmar Idol
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 

Myanmar Idol ျပိဳင္ပြဲကိုစိတ္မေကာင္းစြာ ေက်ာခုိင္းနႈတ္ဆက္ခဲ့ရတဲ့ ျပိဳင္ပြဲ၀င္ (၂) ေယာက္

တစ္ပတ္ထက္တစ္ပတ္ ျပိဳင္ဆုိင္မႈေတြ ျပင္းထန္လာတဲ့ ျမန္မာအိုင္ေဒါလ္ျပိဳင္ပြဲၾကီးကေတာ့ အခုဆိုရင္ တကၠသိုလ္ေက်ာင္း သီခ်င္းေတြနဲ႔ ပါ၀င္ယွဥ္ျပိဳင္ခဲ့တဲ့ ျပိဳင္ပြဲ Result ဟာ ထြက္ေပၚလာခဲ့ပါျပီ ။ Buttom ထိုင္ခဲ့ရတဲ့ျပိဳင္ပြဲ၀င္ေတြကေတာ့ ေနလင္းေက်ာ္ ၊ နွင္းအိအိ၀င္း နဲ႔ ေနာ္ေစးေစးထူးတို႕ပဲျဖစ္ပါတယ္ ။ ဘယ္သူေတြျပဳတ္ျပီး ဘယ္တစ္ေယာက္က Save ျဖစ္မလဲဆုိတာကို ပရိသတ္ေတြက ရင္ခုန္စြာေစာင့္ေမွ်ာ္ေနခဲ့ၾကေပမယ့္ စိတ္မေကာင္းစြာပဲ အရည္ခ်င္းရွိတဲ့ ျပိဳင္ပြဲ၀င္နွစ္ေယာက္ကေတာ့ ျပိဳင္ပြဲကထြက္ခြာခဲ့ရပါတယ္ ။

ထြက္ခြာသြားရတဲ့ ျပိဳင္ပြဲ၀င္ေတြကေတာ့ ေနလင္းေက်ာ္နဲ႕ နွင္းအိအိ၀င္းတို႕ပဲျဖစ္ျပီး Good Bye Song ေတြနဲ႔ ပရိသတ္ေတြကို နႈတ္ဆက္ခဲ့ရတာ တကယ္ကို၀မ္းနည္းေၾကကြဲစရာပါပဲ ။ အၾကိတ္အနယ္အားေပးခဲ့ၾကတဲ့ We Love Fan ေတြနဲ႔အတူ TV ဖန္သားျပင္က အားေပးေနၾကတဲ့ ပရိသတ္ေတြအားလံုးကလည္း စိတ္မေကာင္းျဖစ္ခဲ့ရတာပါ ။ ျပိဳင္ပြဲ၀င္ေတြကလည္း ေမာင္နွမေတြလိုခ်စ္ခ်စ္ခင္ခင္ ေနခဲ့ၾကတဲ့အတြက္ မခြဲနုိင္မခြာရက္နဲ႔ ၀မ္းနည္းေၾကကြဲေနၾကရတဲ့ ျမင္ကြင္းေတြကေတာ့ တကယ္ကို စိတ္ထိခိုက္စရာပါပဲ ။

ျပိဳင္ပြဲ၀င္ႏွင္းအိအိ၀င္းကလည္း သူမရဲ႕ အစ္ကုိေရးစပ္ေပးထားတဲ့ ကိုယ္ပိုင္သံစဥ္သီခ်င္းနဲ႔ နႈတ္ဆက္ထြက္ခြာသြားခဲ့တာျဖစ္ျပီး သီခ်င္းရဲ႕ အဓိပၸါယ္က ေတာ့ ရံႈးနိမ့္သြားလည္း ျပန္ထျပီး အားမေလွ်ာ့ဘဲ ဆက္ၾကိဳးစားေနမယ္ဆိုတဲ့ စာသားေတြပါ၀င္တဲ့အတြက္ သူမရဲ႕ ခံစားခ်က္ေတြကိုအထင္းသားေပၚလြင္ေစခဲ့တာပါ ။ ဒီတစ္ပတ္အတြက္ ျပိဳင္ပြဲက နႈတ္ဆက္ေက်ာခိုင္းသြားၾကတဲ့ ျပိဳင္ပြဲ၀င္ေတြအတြက္ အားေပးစကားေလးေျပာေပးခဲ့ပါဦးေနာ္ ပရိသတ္ၾကီး ။

Source : Myanmar Idol
Emily