နာမည်ကျော်မင်းသမီးကြီး ခင်သန်းနုရဲ့ စတိုင်နဲ့ Myanmar Idol ပွဲကိုတက်ရောက်လာတဲ့ ဖြူဖြူကျော်သိန်း

Posted on

ပရိသတ်တွေအကြည့်အများဆုံး ပရိုဂရမ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲမှာ ပရိသတ်တွေစိတ်အဝင်စားဆုံးကတော့ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ပါပဲ ။ တစ်ပတ်နဲ့တစ်ပတ် မရိုးရအောင် အမိုက်စားဖက်ရှင်တွေနဲ့ ပွဲတက်လာခဲ့တဲ့ ဖြူဖြူကို ပရိသတ်တွေက ချစ်ခင်စွာနဲ့ စနောက်ကျီစယ်နေခဲ့ကြပေမယ့် ဖြူဖြူကတော့ ဖက်ရှင်နဲ့ပတ်သက်လာရင်တပြားမှာမလျှော့ပါဘူးတဲ့နော် ။ ဒီနေ့ တက္ကသိုလ်ကျောင်း သီချင်းနဲ့သီဆိုတဲ့ ပြိုင်ပွဲဝင်တွေအတွက် Result တွေကြေငြာမယ့်နေ့မှာပဲ ရိုးရှင်းတဲ့ဖက်ရှင်လေးနဲ့ ပွဲတက်လာခဲ့ပါတယ် ။

 

 

အရင်အပတ်တွေက အမိုက်စား ဖက်ရှင်တွေနဲ့ တောက်လျှောက်ပွဲတက်လာခဲ့ပေမယ့် တက္ကသိုလ်ကျောင်းနဲ့ပတ်သက်တဲ့ သီချင်းတွေ သီဆိုယှဉ်ပြိုင်တဲ့ အပတ်မှာပဲ ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ပွဲတက်ခဲ့တာပါ ။ ဒီနေ့မှာလည်း တချိန်က မင်းသမီးခင်သန်းနုခေတ်ကို inspires ယူကာ ဖြူဖြူ့အတွက် Myanmar Idol အမှတ်တရ တက္ကသိုလ်သီချင်းများ week မှာ ဖန်တီးချုပ်ပေးခဲ့တာတော့ ဒီဇိုင်နာ ငြိမ်းကိုပဲဖြစ်ပါတယ် ။ တက္ကသိုလ်ခေတ်ကာလဆိုတော့ လက်ကိုင်ပုဝါလေးက အသက် ဖြစ်ပြီး ရိုးရှင်းစွာပဲ ဖြူဖြူတစ်ယောက်လှနေပါတယ် နော် ။

 

 

ဆံပင်ဆင်ယင်ထုံးဖွဲ့မှုနဲ့ ဝတ်စားဆင်ယင်မှုတွေကတော့ အန်တီခင်သန်းနုတို့ခေတ်က တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကို ပြန်မြင်လိုက်ရသလိုပါပဲ ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်လိုဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုတ်ရှားစေဦးမလဲ ဆိုတာကတော့ တကယ်ကိုစိတ်ဝင်စားစရာပါပဲနော် ။ ဖြူဖြူပရိသတ်ကြီးကလည်း Myanmar Idol ကိုအားပေးရင်း ဖြူဖြူ့ရဲ့ ဖက်ရှင်တွေကို ဆက်လက်စောင့်စားလိုက်ကြရအောင်နော် ။

Source : Nyein Ko
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 

နာမည္ေက်ာ္မင္းသမီးႀကီး ခင္သန္းႏုရဲ႕ စတုိင္နဲ႔ Myanmar Idol ပြဲကိုတက္ေရာက္လာတဲ့ ျဖဴျဖဴေက်ာ္သိန္း

ပရိသတ္ေတြအၾကည့္အမ်ားဆုံး ပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ ျမန္မာအိုင္ေဒါလ္ၿပိဳင္ပြဲမွာ ပရိသတ္ေတြစိတ္အဝင္စားဆုံးကေတာ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းရဲ႕ ဖက္ရွင္ပါပဲ ။ တစ္ပတ္နဲ႔တစ္ပတ္ မ႐ိုးရေအာင္ အမိုက္စားဖက္ရွင္ေတြနဲ႔ ပြဲတက္လာခဲ့တဲ့ ျဖဴျဖဴကို ပရိသတ္ေတြက ခ်စ္ခင္စြာနဲ႔ စေနာက္က်ီစယ္ေနခဲ့ၾကေပမယ့္ ျဖဴျဖဴကေတာ့ ဖက္ရွင္နဲ႔ပတ္သက္လာရင္တျပားမွာမေလွ်ာ့ပါဘူးတဲ့ေနာ္ ။ ဒီေန႔ တကၠသိုလ္ေက်ာင္း သီခ်င္းနဲ႔သီဆိုတဲ့ ၿပိဳင္ပြဲဝင္ေတြအတြက္ Result ေတြေၾကျငာမယ့္ေန႔မွာပဲ ႐ိုးရွင္းတဲ့ဖက္ရွင္ေလးနဲ႔ ပြဲတက္လာခဲ့ပါတယ္ ။

အရင္အပတ္ေတြက အမိုက္စား ဖက္ရွင္ေတြနဲ႔ ေတာက္ေလွ်ာက္ပြဲတက္လာခဲ့ေပမယ့္ တကၠသိုလ္ေက်ာင္းနဲ႔ပတ္သက္တဲ့ သီခ်င္းေတြ သီဆိုယွဥ္ၿပိဳင္တဲ့ အပတ္မွာပဲ ႐ိုးရွင္းတဲ့ ျမန္မာဝတ္စုံေလးေတြနဲ႔ ပြဲတက္ခဲ့တာပါ ။ ဒီေန႔မွာလည္း တခ်ိန္က မင္းသမီးခင္သန္းႏုေခတ္ကို inspires ယူကာ ျဖဴျဖဴ႕အတြက္ Myanmar Idol အမွတ္တရ တကၠသိုလ္သီခ်င္းမ်ား week မွာ ဖန္တီးခ်ဳပ္ေပးခဲ့တာေတာ့ ဒီဇိုင္နာ ျငိမး္ကိုပဲျဖစ္ပါတယ္ ။ တကၠသိုလ္ေခတ္ကာလဆိုေတာ့ လက္ကိုင္ပုဝါေလးက အသက္ ျဖစ္ျပီး ရိုးရွင္းစြာပဲ ျဖဴျဖဴတစ္ေယာက္လွေနပါတယ္ ေနာ္ ။

ဆံပင္ဆင္ယင္ထံုးဖြဲ႕မႈနဲ႔ ၀တ္စားဆင္ယင္မႈေတြကေတာ့ အန္တီခင္သန္းနုတို႕ေခတ္က တကၠသိုလ္ေက်ာင္းသူေလးတစ္ေယာက္ကို ျပန္ျမင္လုိက္ရသလိုပါပဲ ။ ေနာက္တစ္ပတ္ေတြမွာလည္း ဘယ္လိုဖက္ရွင္ေတြနဲ႔ ပရိသတ္ေတြကို ရင္ခုန္စိတ္လႈတ္ရွားေစဦးမလဲ ဆိုတာကေတာ့ တကယ္ကိုစိတ္၀င္စားစရာပါပဲေနာ္ ။ ျဖဴျဖဴပရိသတ္ၾကီးကလည္း Myanmar Idol ကိုအားေပးရင္း ျဖဴျဖဴ႕ရဲ႕ ဖက္ရွင္ေတြကို ဆက္လက္ေစာင့္စားလုိက္ၾကရေအာင္ေနာ္ ။

Source : Nyein Ko
Emily