Prd-Wedding ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တဲ့ ခြူးလေး

Posted on

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့ MRTV-4 ကထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ် ။ စိတ်ဝင်စားစရာကောင်းပြီး ပရိသတ်တွေနေ့တိုင်း စောင့်ကြည့်အားပေးနေရတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ” နွေလည်ညရဲ့ လမင်း ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးလည်း အပါဝင်ပါပဲနော် ။ ဒီကားမှာတော့ ချစ်နွေလို ရိုးသားပြီး စိတ်ထားဖြူစင်တဲ့ မိန်းကလေးအဖြစ်သရုပ်ဆောင် ခဲ့တဲ့ ခြူးလေးက အတ္တကြီးပြီး ဗီလိန်ဆန်တဲ့ စိုးစန္ဒာဆိုတဲ့မိန်းမ တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်ထားတာဖြစ်ပါတယ် ။

 

အပိုင်း (၅) ပိုင်းသာ ထွက်ရှိသေးပေမယ့် ပရိသတ်စိတ်ဝင်စားမှု အရှိန်အဟုန် မြင့်တက်နေတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စိုးစန္ဒာတစ်ယောက် ချစ်သူဖြစ်တဲ့ ကျော်ရဲ့ ဖောက်ပြန်မှုကို သိရှိပြီး စိတ်ဆိုးနေတဲ့အချိန်မှာပဲ နွေဦးက မိဘတွေကနေတဆင့် နားဖောက်လာခဲ့တဲ့အတွက် ချစ်သူကို ရွဲ့ပြီး နွေဦးကိုလက်ထက်ဖို့မိုက်ရူးရဲ ဆန်ပြီး ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ ကိုယ်ထင်တာ ကိုယ်လုပ်ပြီး အရမ်းကိုလည်လွန်းတဲ့ စိုးစန္ဒာတစ်ယောက် ဟိုတယ်ပိုင်ရှင် နွေဦးကို လက်ထက်ပြီးဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ ..။

 

 

ဒီနေ့ညလေးမှာတော့ စိုးစန္ဒာနဲ့ နွေဦးတို့ရဲ့ Wedding ပုံရိပ်လေးတွေကိုတွေ့မြင်ရမှာဖြစ်ပြီး စိုးတစ်ယောက် ရူးမိုက်စွာနဲ့ ကျော်ကို အရွဲ့တိုက်ဖို့ နွေဦးကိုလက်ထက်လိုက်ပါပြီနော် ။ နောက်ပိုင်းမှာ မချစ်ဘဲ လက်ထက်လိုက်တဲ့ စိုးတစ်ယောက် နွေဦးနဲ့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ နောက်ဆက်တွဲအပိုင်းတွေကို ဆက်လက်ရှုစားရင်း ဆက်လက်အားပေးကြပါလို့ ပြောလိုက်ပါရစေနာ် ။

Source : PhomeShein Khant
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 

Prd-Wedding ပုံရိပ္ေလးေတြကို ထုတ္ျပလိုက္တဲ့ ျခဴးေလး

လတ္တေလာ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတာကေတာ့ MRTV-4 ကထုတ္လႊင့္ျပသေနတဲ့ ဇာတ္လမ္းတြဲေတြပဲ ျဖစ္ပါတယ္ ။ စိတ္ဝင္စားစရာေကာင္းၿပီး ပရိသတ္ေတြေန႔တိုင္း ေစာင့္ၾကည့္အားေပးေနရတဲ့ ဇာတ္လမ္းတြဲေတြထဲမွာ ” ေႏြလည္ညရဲ႕ လမင္း ” ဆိုတဲ့ ဇာတ္လမ္းတြဲေလးလည္း အပါဝင္ပါပဲေနာ္ ။ ဒီကားမွာေတာ့ ခ်စ္ေႏြလို ႐ိုးသားၿပီး စိတ္ထားျဖဴစင္တဲ့ မိန္းကေလးအျဖစ္သ႐ုပ္ေဆာင္ ခဲ့တဲ့ ျခဴးေလးက အတၱႀကီးၿပီး ဗီလိန္ဆန္တဲ့ စိုးစႏၵာဆိုတဲ့မိန္းမ တစ္ေယာက္ရဲ႕ ကာ႐ိုက္တာနဲ႔ ပါဝင္ထားတာျဖစ္ပါတယ္ ။

အပိုင္း (၅) ပိုင္းသာ ထြက္ရွိေသးေပမယ့္ ပရိသတ္စိတ္ဝင္စားမႈ အရွိန္အဟုန္ ျမင့္တက္ေနတဲ့ ဇာတ္လမ္းတြဲတစ္ခုပဲ ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ စိုးစႏၵာတစ္ေယာက္ ခ်စ္သူျဖစ္တဲ့ ေက်ာ္ရဲ႕ ေဖာက္ျပန္မႈကို သိရွိၿပီး စိတ္ဆိုးေနတဲ့အခ်ိန္မွာပဲ ေႏြဦးက မိဘေတြကေနတဆင့္ နားေဖာက္လာခဲ့တဲ့အတြက္ ခ်စ္သူကို ႐ြဲ႕ၿပီး ေႏြဦးကိုလက္ထက္ဖို႔မိုက္႐ူးရဲ ဆန္ၿပီး ဆုံးျဖတ္လိုက္ၿပီ ျဖစ္ပါတယ္ ။ ကိုယ္ထင္တာ ကိုယ္လုပ္ၿပီး အရမ္းကိုလည္လြန္းတဲ့ စိုးစႏၵာတစ္ေယာက္ ဟိုတယ္ပိုင္ရွင္ ေႏြဦးကို လက္ထက္ၿပီးဘာေတြ ဆက္ျဖစ္မလဲ ဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ ပရိသတ္ႀကီးေရ ..။

ဒီေန႔ညေလးမွာေတာ့ စိုးစႏၵာနဲ႔ ေႏြဦးတို႔ရဲ႕ Wedding ပုံရိပ္ေလးေတြကိုေတြ႕ျမင္ရမွာျဖစ္ၿပီး စိုးတစ္ေယာက္ ႐ူးမိုက္စြာနဲ႔ ေက်ာ္ကို အ႐ြဲ႕တိုက္ဖို႔ ေႏြဦးကိုလက္ထက္လိုက္ပါၿပီေနာ္ ။ ေနာက္ပိုင္းမွာ မခ်စ္ဘဲ လက္ထက္လိုက္တဲ့ စိုးတစ္ေယာက္ ေႏြဦးနဲ႔ ဘာေတြဆက္ျဖစ္ၾကမလဲ ဆိုတာကိုေတာ့ ေနာက္ဆက္တြဲအပိုင္းေတြကို ဆက္လက္ရႈစားရင္း ဆက္လက္အားေပးၾကပါလို႔ ေျပာလိုက္ပါရေစနာ္ ။

Source : PhomeShein Khant
Emily