ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်နေကြပြီဖြစ်တဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်လေးယောက်

Posted on

အမိုက်စားတွေချည်းပါဝင်သရုပ်ဆောင်မယ့် ” စတုတ္ထမြောက် သွေးကြောမျှင် ” ဇာတ်ကားမှာ ဆိုရင် နိုင်းနိုင်း၊ ရွှေထူး၊ အိန္ဒြာကျော်ဇင်နဲ့ မေမြင့်မိုရ်တို့က အဓိကသရုပ်ေ်ဆာင်တွေအနေနဲ့ ပါဝင်မှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရုပ်ရှင်ဇာတ်ကားနဲ့ ပက်သက်ပြီး Pre Production လုပ်နေကြတဲ့ ပုံရိပ်တွေကို မေမြင့်မိုရ်က သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

နောက်ထပ်ခြေလှမ်းသစ်တွေအဖြစ် ဘယ်လိုအမိုက်စားတွေကို ပရိသတ်တွေဆီချပြမယ်ဆိုတာ တော့ ရင်ခုန်ချင်စရာပဲနော်။ ဒီနေ့ချိန်ထိ ဇာတ်လမ်းက ဘယ်လိုပုံစံလေးဆိုတာကို အတိအလင်း မပြောသေး ပေမယ့် ပရိသတ်တွေကတော့ ဒီရုပ်ရှင် ဇာတ်ကားကို စိတ်ဝင်စားနေခဲ့ပါပြီ။ ဒီနေ့ Pre Production မှာတော့ ရွှေထူးတစ်ယောက် ခရီးလွန်နေလို့ မရောက်လာနိုင်ခဲ့ပါ ဘူး။

ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်မယ့်သူတွေအားလုံးစုပြီး Pre Production လုပ်နေတဲ့ပုံရိပ်လေးတွေကို ” စတုတ္ထမြောက် သွေးကြောမျှင် ရုပ်ရှင်ဇာတ်ကားကြီး Pre Production ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ အမိုက်စားတွေကို ထပ်မံချပြ တော့မယ့် သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ကြည့်ပြီး ကြိုတင်ရင်ခုန်နေပါပြီ ပရိသတ်ကြီးရေ။

Photo – May Myint Mo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – May Myint Mo
Happy – Cele Zone