နာမည်ကြီး Brand တစ်ခုရဲ့ ကြော်ငြာမော်ဒယ်အဖြစ် အလုပ်တွဲလုပ်ခွင့်ရခဲ့တဲ့ မေမြတ်နိုး

ပရိသတ်ကြီးရေ နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ယောက်ဖြစ်တဲ့ အလှမယ်မေမြတ်နိုးကတော့ လက်ရှိမှာ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ မေမြတ်နိုးကတော့ လက်ရှိအချိန်မှာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ International Role မော်ဒယ်တစ်ယောက်အနေနဲ့ လုပ်ကိုင်နေခဲ့ပါသေးတယ်။

မကြာခင်ကလည်း ကိုရီယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်ယောက်နဲ့ တွဲဖက်ကာကြော်ငြာရိုက်ကူးခဲ့တာကြောင့် နိုင်ငံတကာက မိန်းကလေးပရိသတ်တွေရဲ့ အားကျနှစ်သက်မှုကိုပါရရှိထားပါသေးတယ်။ အခုနောက်ပိုင်းမှာလည်း မေမြတ်နိုးက နိုင်ငံတကာမှာ လူကြိုက်များပြီး အောင်မြင်နေတဲ့ နာမည်ကြီးBrand တွေရဲ့ ကြော်ငြာမော်ဒယ်အနေနဲ့လည်း ကြော်ငြာရိုက်ကူးမှုတွေရှိနေခဲ့ပါတယ်။လတ်တလောမှာလည်း မေမြတ်နိုးက နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ “Moschino” ရဲ့ ကြော်ငြာမော်ဒယ်အနေနဲ့ ကြော်ငြာဓာတ်ပုံရိုက်ကူးကာ အလုပ်တွဲလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဖွားတစ်ယောက်အနေနဲ့ အခုလို နိုင်ငံတကာထိအောင်မြင်နေတဲ့ နာမည်ကြီး Brand တွေရဲ့ ကြော်ငြာမော်ဒယ်အဖြစ် အနုပညာအလုပ်တွေတွဲလုပ်နေတဲ့ မေမြတ်နိုးရဲ့ အောင်မြင်မှုကတော့ တကယ်ကို ပရိသတ်တွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ မေမြတ်နိုးရဲ့ အောင်မြင်မှုကတော့ တစ်ကယ်ကို ကြောက်ခမန်းလိလိပါပဲနော်။

Source – Moschino