ပူပြင်းလွန်းတဲ့ ဒေသက ဘုန်းတော်ကြီးကျောင်းအတွက် အေးချမ်းတဲ့ အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့တဲ့ နိုင်းဝမ်းတို့ဇနီးမောင်နှံ

အဆိုတော် နိုင်းဝမ်းကတော့ လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားတွေကို ဖန်တီးပြီး သီချင်းကောင်းကောင်းလေးတွေမှ ရေးစပ်သီဆိုလေ့ရှိတဲ့ နိုင်းဝမ်း က ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ထိပ်ဆုံးမှာရပ်တည်နေရတာပဲ ဖြစ်ပါတယ်။ 

နိုင်းဝမ်းရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။သူများနဲ့မတူဘဲ ကွဲပြားနေတဲ့ အသံနဲ့ ဆန်းသစ်တဲ့သီဆိုဟန်တွေ ကာရံတွေကို အချိတ်အဆက်မိမိ ရေးစပ်နိုင်တာတွေကြောင့် စီနီယာအနုပညာအချို့ကတောင် လေးစားချစ်ခင် နေရတာဖြစ်ပါတယ်။ဒါ့အပြင် ချစ်ဇနီးလေးနဲ့အတူ သာယာအေးချမ်းတဲ့ ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

လူငယ်ပေမယ့် အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးဘဲ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းတက်သူလည်းဖြစ်ပါတယ် ။ အခုလည်း ပူပြင်းတဲ့ အရပ်ဒေသက ဘုန်းတော်ကြီးကျောင်းနဲ့ သိမ်အတွက်ရေပန်ကာများ လှူဒါန်းခဲ့ကြောင်းဖော်ပြလာပါတယ် ။ အလှူပုံလေးတွေနဲ့အတူ ” ပူပြင်းတဲ့ဒေသဘုန်းတော်ကြီးကျောင်းနဲ့ သိမ်အတွက် ရေပန်ကာလေးလုံးလှူဒါန်းဖြစ်ခဲ့ပါတယ် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Kyaw Zin Lat