ခက်ခဲတဲ့ မြန်မာသီချင်းကို သီဆိုယှဉ်ပြိုင်ခဲ့တဲ့ (၁၆) နှစ်သမီးလေး အေးမြဖြူကို အားပေးမယ်ဆိုတဲ့ စမိုင်းလ်

Posted on

ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားတဲ့ အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idol Season 4 မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ လက်ရွေးစင် ဆယ်ယောက်လုံးဟာ အရည်အချင်းပြည့်ဝပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။ မနေ့က တက္ကသိုလ်သီချင်းတွေ ယှဉ်ပြိုင်ရတဲ့အပတ်မှာတော့ တက္ကသိုလ်ကို လွမ်းဆွတ်သတိရတဲ့ ခံစားချက် ကိုယ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ အားလုံးရဲ့နားထဲမှာစွဲထင်နေစေခဲ့ပါတယ်။

ဒီထဲမှာမှ အသက်ဆယ့်ခြောက်နှစ်သာရှိသေးတဲ့ အငယ်ဆုံးပြိုင်ပွဲဝင်လေး အေးမြဖြူကတော့ တက္ကသိုလ်မတက်ရသေးပေမယ့် တက္ကသိုလ်ရဲ့အငွေ့အသက်တွေကို စိတ်မှန်းနဲ့ခံစားပြီး မြန်မာသံစဉ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” တက္ကသိုလ်ကျောင်းက ငွေလမင်း ” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို နာမည်ကျော်အဆိုတော်သရုပ်ဆောင် အန်တီချိုပြုံးသီဆိုခဲ့ပြီး အောင်မြင်တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

ယှဉ်ပြိုင်မှုတွေအားလုံးထဲမှာမှ အေးမြဖြူရဲ့မြန်မာသံစဉ်လေးကို စိတ်ထဲမှာစွဲသွားပြီး အရမ်းကို နှစ်သက်သွားခဲ့တဲ့ စမိုင်းလ်ကတော့ ” အမလေး အေးမြဖြုပဲဟေး ဒီအပတ် .. ဒီလောက်ခက်တဲ့သီချင်းကို ၁၆နှစ်သမီးလေးလွယ်လွယ်ဆိုနိုင်တာ ဒီအန်တီကြီးလည်းအရမ်းကြိုက်ပါတယ် WOW wow wow ( ဦးလတ်အသံဖြင့် ) ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှလိုက် တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဘယ်သူတွေနှုတ်ဆက်ရမလဲဆိုတာ ရင်ခုန်စရာပဲနော်။

Photo – Aye Mya Phyu / Smile
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ခက္ခဲတဲ့ ျမန္မာသီခ်င္းကို သီဆိုယွဥ္ၿပိဳင္ခဲ့တဲ့ (၁၆) ႏွစ္သမီးေလး ေအးျမျဖဴကို အားေပးမယ္ဆိုတဲ့ စမိုင္းလ္ ”

ပရိသတ္ေတြအရမ္းကိုစိတ္ဝင္စားတဲ့ အဆိုၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Myanmar Idol Season 4 မွာ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ လက္ေ႐ြးစင္ ဆယ္ေယာက္လုံးဟာ အရည္အခ်င္းျပည့္ဝၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကို အျပည့္အဝရရွိခဲ့သူ ေတြလည္းျဖစ္ပါတယ္။ မေန႔က တကၠသိုလ္သီခ်င္းေတြ ယွဥ္ၿပိဳင္ရတဲ့အပတ္မွာေတာ့ တကၠသိုလ္ကို လြမ္းဆြတ္သတိရတဲ့ ခံစားခ်က္ကိုယ္စီနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကတာ အားလုံးရဲ႕နားထဲမွာစြဲထင္ေနေစခဲ့ပါတယ္။

ဒီထဲမွာမွ အသက္ဆယ့္ေျခာက္ႏွစ္သာရွိေသးတဲ့ အငယ္ဆုံးၿပိဳင္ပြဲဝင္ေလး ေအးျမျဖဴကေတာ့ တကၠသိုလ္မတက္ရေသးေပ မယ့္ တကၠသိုလ္ရဲ႕အေငြ႕အသက္ေတြကို စိတ္မွန္းနဲ႔ခံစားၿပီး ျမန္မာသံစဥ္သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ ” တကၠသိုလ္ေက်ာင္းက ေငြလမင္း ” သီခ်င္းနဲ႔ သီဆိုယွဥ္ၿပိဳင္ခဲ့တာပဲျဖစ္ပါတယ္။ ဒီသီခ်င္းေလးကို နာမည္ေက်ာ္အဆိုေတာ္သ႐ုပ္ေဆာင္ အန္တီခ်ိဳၿပဳံးသီဆိုခဲ့ၿပီး ေအာင္ျမင္တဲ့သီခ်င္းတစ္ပုဒ္လည္းျဖစ္ခဲ့ပါတယ္။

ယွဥ္ၿပိဳင္မႈေတြအားလုံးထဲမွာမွ ေအးျမျဖဴရဲ႕ျမန္မာသံစဥ္ေလးကို စိတ္ထဲမွာစြဲသြားၿပီး အရမ္းကို ႏွစ္သက္သြားခဲ့တဲ့ စမိုင္းလ္ကေတာ့ ” အမေလး ေအးျမျဖဳပဲေဟး ဒီအပတ္ .. ဒီေလာက္ခက္တဲ့သီခ်င္းကို ၁၆ႏွစ္သမီးေလးလြယ္လြယ္ဆိုႏိုင္တာ ဒီအန္တီႀကီးလည္းအရမ္းႀကိဳက္ပါတယ္ WOW wow wow ( ဦးလတ္အသံျဖင့္ ) ” ဆိုၿပီး သူမရဲ႕လူမႈကြန္ယက္မွာ ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဘယ္သူေတြႏႈတ္ဆက္ရမလဲဆိုတာ ရင္ခုန္စရာပဲေနာ္။

Photo – Aye Mya Phyu / Smile
Happy – Cele Zone