သူမကိုချေတယ်လို့ပြောတဲ့သူတွေကို စကားလုံးအလန်းစားတွေနဲ့ ထပ်ပြီးချေလိုက်ပြန်တဲ့ ရွှေအိမ်စည်
Posted on
နာမည်ကျော်မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ” ချေတယ် ” ဆိုတဲ့ စကားလုံးမှာ အသားကျနေသူ တစ်ယောက်ဆိုလည်းမမှားပါဘူး။ ပျော်ပျော်နေတတ်သလို ခပ်ချေချေလည်းနေတတ်တဲ့ အလှနတ်သမီးလေးကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲမှာလျှောက်လှမ်း နေပြီး ရုပ်ရှင်ဇာတ်ကားလည်းရိုက်ကူးထားပါသေးတယ်။
အသက်အရွယ်ငယ်ရွယ်ပေမယ့် သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် အနုပညာလောကမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိ ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးတွေနဲ့ ရင်ခုန်ချင်စရာကောက်ကြောင်းအလှတွေဟာ အားလုံးကိုဖမ်းစားထားနိုင်တဲ့ အလှတရားတွေပါပဲ။ သူမကိုချေတယ်လို့ပြောနေတဲ့သူတွေကို စကားလေးတစ်ခွန်းတည်းနဲ့ ထပ်ပြီးချေလိုက်ပြန်ပါတယ်။
အချေမင်းသမီးလေးကတော့ ” မာနကြီးတယ် ချေတယ်ပြောကြလွန်းလို့ ကျမမာနကြီးရင်ကြီးမယ် ချေရင်ချေမယ်. ကျမမှာ အဲ့လိုလုပ်ခွင့်ရှိတယ်လေ. ကျမလှတယ်လေ ကျမထက်မြတ်တယ် တစ်ကယ်တော့ ဘာတစ်ခုမှမရှိပဲနဲ့ ချေနေတဲ့သူတွေကိုသာ စိတ်ပူရမှာ ” ဆိုပြီး ခပ်ချေချေလေး ပြောထားတာ ဖြစ်ပါတယ်။
Photo – Shwe Eain Si
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Shwe Eain Si
Happy – Cele Zone