ချောတဲ့ကလေးတွေပဲရွေးပြီးမွေးတယ်ပြောလို့ ဂေဟာက သားသမီးတွေရဲ့ရောက်စကပုံနဲ့ အခုပုံကို ယှဉ်ပြလိုက်တဲ့ မေမေခိုင်နှင်းဝေ

Posted on

ပရဟိတမင်းသမီးလေးကတော့ ပတ်ဝန်းကျင်က ပြောဆိုတဲ့ဒဏ်တွေကို ပညာရှိနည်းနဲ့တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ရင်ခွင်မဲ့ကလေးငယ်လေးတွေကို ကိုယ့်သားသမီးအရင်းလိုကူညီစောင့်ရှောက်ပေးတဲ့ သူမရဲ့ ဖြူစင်တဲ့နှလုံးသားကတော့ တကယ်ချီးကျူးထိုက်စရာပါ။

သူမရဲ့သားသမီးလေးတွေကို အရမ်းကိုချစ်ပြီး ဂရုစိုက်တာကြောင့် တသွေးတမွှေးနဲ့ချစ်ဖို့ကောင်းလာတဲ့ ကလေးလေးတွေကို လူအများက ချစ်ဖို့ကောင်းလိုက်တာလို့ ချီးမွန်းပြီးနောက်မှာပဲ ခိုင်နှင်းဝေက ချစ်စရာကောင်းတဲ့ကလေးတွေပဲ ရွေးပြီး မွေးစားတယ်ဆိုတဲ့စကားကို ကလေးတွေရောက်စက အကူအညီလိုအပ်နေတဲ့ ပုံရိပ်လေးတွေနဲ့ သူမလက်ထဲမှာ တသွေးတမွှေး ဖြစ်လာတဲ့ပုံရိပ်လေးတွေကို ယှဉ်ပြလိုက်တာပဲဖြစ်ပါတယ်။

” မေမေ ဒီနေ့ဒီရက်မှာ ဒီစာကို သားတို့သမီးတို့အတွက် အမှတ်တရတင်လိုက်ပါတယ် မေမေ သားတို့သမီးတို့ကို အရမ်း ချစ်တယ်ဆိုတာအရင်ဆုံးပြောချင်တယ်နော် ဘဝမှာ မေမေ့အတွက် တခါမှမစဉ်းစားဘူးတဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက်, ဖြစ်နိုင်ပါ့ မလားဆိုတဲ့စိုးရိမ်ပူပန်မှု, အတွေးပေါင်းစုံ၊ အထပ်ထပ်အခါခါစဉ်းစားပြီးမှ မေမေ့ကလေးလေးတွေကို မေမေ့ရဲ့ဘဝထဲကို ခေါ်လာခဲ့တာပါ လူတွေကပြောကြတယ် ခိုင်နှင်းဝေ ကလေးလဲကိုယ်တိုင်မမွေးဖူးပဲနဲ့ ဘယ်လိုလုပ်ပြီးကလေးတွေကို စောင့်ရှောက်မှာလဲတဲ့? မေမေ့ဗိုက်နဲ့လွယ်ပြီး ကလေးမမွေးဖူးပါ ဘူး. ဒါပေမယ့် မေမေလည်း ငယ်ငယ်လေးထဲက ဖခင်မေတ္တာ ငတ်ခဲ့တဲ့သမီးတယောက်ဖြစ်ခဲ့ဖူး တယ်လေ. ကလေးတို့ရဲ့မျက်လုံးလေးတွေကိုမြင်လိုက်တာနဲ့ ဘယ်နေရာကလွှတ်လိုက်လဲ မသိရ တဲ့ သွေးတွေ,သံလိုက်ဓာတ်လိုဆွဲငင်နေတဲ့အရာတွေကို မေမေက ထိထိမိမိကိုခံစားလိုက်ရတဲ့ အတွက် မေမေ့ကလေး တွေကို ဘယ်လိုမေတ္တာမျိုးပေးရမလဲဆိုတာ သင်ယူစရာမလိုပဲ တတ်မြောက်ခဲ့တာပေါ့ အခုဆိုရင် မေမေ့ကလေးလေးတွေ ကလမ်းလျှောက်နေတဲ့သူကလျှောက်, ဝူးဝူးဝါးဝါးနဲ့စကားပြောချင်နေတဲ့သူကပြော, မွေးခါစဆိုတဲ့အရွယ်လေးတွေကနေ လူမှန်း သိတတ်စ ဆိုတဲ့ အရွယ်ကိုရောက်နေကြပြီလေ မေမေ့ကလေးတွေ စရောက်ခါစက အခက်အခဲတွေမျိုးစုံနဲ့ ပရမ်းပတာ တွေဖြစ်နေတာပေါ့. မေမေ့ကို လဲပြိုအောင်, အရှက်တကွဲ ဖြစ်အောင်,ဂုဏ်သိက္ခာကျဆင်းအောင်နည်းအမျိုးမျိုးနဲ့ လုပ်ကြံ ဖန်တီးကြတဲ့သူတွေ,အကျိုးလိုလို့ညောင်ရေလာလောင်းကြသူတွေ, အို,,,အနှောင့်အယှက်တွေစုံလို့ပါပဲ.ဒီအရာတွေကိုလေ ငါ့မှာ သား,သမီးတွေရှိတယ်ဆိုတဲ့အသိနဲ့ငါအင်အားရှိမှငါသားသမီးတွေအတွက် တံတိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်မယ်ဆိုပြီး အံကြိတ်ရပ်တည်ခဲ့တယ်. မေမေ့မှာ တတ်နိုင်တာဆိုလို့ မေတ္တာနဲ့ သစ္စာတရားပဲရှိတော့ ဒီလက်နက်၂ ခုကိုစွဲကိုင်, ဘုရားကိုပဲ တိုင်တည်သစ္စာဆိုပြီး မေမေ့ရဲ့ မေတ္တာတရားမှန်ကန်ရင် အခုထပ်ပိုပြီး မေတ္တာငတ်မွတ်နေတဲ့ကလေးတွေကို ကူညီစောင့်ရှောက် ခွင့်ရတဲ့သူဖြစ်ပါစေလို့ဆုတောင်းခဲ့တယ် မေမေ့ကလေးလေးတွေက ဝကစ်လေးတွေ, ချစ်စရာကောင်းလိုက်တာ, ချောချောလေးတွေတဲ့ အဲ့ဒီလိုတွေပြောရင် မေမေကပီတိတွေဖြစ်လို့မှ မဆုံးသေးဘူး နောက်ဆက်တွဲစကားသံတွေက ဘာတွေလဲသိလားကလေးတို့,, မေမေက အချောအလှလေးတွေချည်းရွေးမွေးထားတာတဲ့ကွယ် မေမေလေ ပြောစရာစကားမရှိလောက် အောင်ပါပဲ အခုဒီပို့စ်နဲ့အတူ မေမေ့ကလေးလေးတွေ မေမေ့ဆီရောက်ကာစအခြေအနေနဲ့ အခုအခြေအနေလေးတွေကိုလည်းသိရအောင်အတူတွဲပေးထားပေးတယ်နော်. ကလေးတယောက်ဆိုတာ သစ်တပင်လိုပဲ မြေသြဇာကောင်းရင်, ရေလောင်းပေါင်းသင်မှန်မှန်လုပ် ရင် ဖွံ့ဖြိုးကြီးထွားလှပလာမှာပဲလေ. မေမေ့ မေတ္တာရယ် ကလေးတို့ကို ပြုစုစောင့်ရှောက်ကြတဲ့ ဆရာမတွေ,ဝန်ထမ်းတွေရဲ့ဂရုတစိုက်ချစ်ခင်ပြုစုပေးမှုကြောင့် ပစ်လိုက်ရတော့မယ့် အနေအထား ကနေအခုဆိုရင်ဘယ်လောက်ချစ်စရာကောင်းပြီးကျန်းမာနေကြသလဲဆိုတာကြည့်နော် ကလေးတို့ကို မေမေ အခုလို အေးအေးချမ်းချမ်းနဲ့စောင့်ရှောက်နိုင်အောင် ဆန်တစိမှစလို့ ငွေကြေးဆိုင်ရာလှူဒါန်းကူညီသူများ, စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးသူများအားလုံးကို မေမေကတနေ့မှမပြတ်ပဲမေတ္တာပို့ဆုတောင်းပြီးကျေးဇူးတင်လျှက်ပါ မေမေ့ဆီမှာအခု သားသမီး၂၈ ယောက်မှသည် ၂၈၀ , ၂၈၀၀ အထိ… ဒီလောကကြီးထဲ မေမေ့သားသမီးတွေက နောက်ထပ် ညီလေး,ညီမလေးတွေကို ဆင့်ကဲ ဆင့်ကဲ စောင့်ရှောက်နိုင်သော ရဲရဲတောက် မျိုးဆက် တွေ ခိုင် မိသားစုတွေဖြစ်ကြဖို့က မေမေ့ရဲ့ တခုတည်းသော ဆန္ဒပါပဲ သားသမီးတွေကို ချစ်ပေးတဲ့ ပရိသတ်ကြီးအားလုံးကိုလဲ ကျမ ဒီကနေ ကျေးဇူးအထူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်… ” ဆိုပြီး သူမရဲ့ရင်တွင်းခံစားချက်တွေကို ဖော်ပြခဲ့ပါတယ်။

Photo – Khine Hnin Wai
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)




” မေမေ ဒီနေ့ဒီရက်မှာ ဒီစာကို သားတို့သမီးတို့အတွက် အမှတ်တရတင်လိုက်ပါတယ် မေမေ သားတို့သမီးတို့ကို အရမ်းချစ်တယ်ဆိုတာအရင်ဆုံးပြောချင်တယ်နော် ဘဝမှာ မေမေ့အတွက် တခါမှမစဉ်းစားဘူးတဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက်, ဖြစ်နိုင်ပါ့မလားဆိုတဲ့စိုးရိမ်ပူပန်မှု, အတွေးပေါင်းစုံ၊ အထပ်ထပ်အခါခါစဉ်းစားပြီးမှ မေမေ့ကလေးလေးတွေကို မေမေ့ရဲ့ဘဝထဲ ကိုခေါ်လာခဲ့တာပါ လူတွေကပြောကြတယ် ခိုင်နှင်းဝေ ကလေးလဲကိုယ်တိုင်မမွေးဖူးပဲနဲ့ ဘယ်လိုလုပ်ပြီးကလေးတွေကိုစောင့်ရှောက်မှာလဲတဲ့? မေမေ့ဗိုက်နဲ့လွယ်ပြီး ကလေးမမွေးဖူးပါ ဘူး. ဒါပေမယ့် မေမေလည်း ငယ်ငယ်လေးထဲကဖခင်မေတ္တာငတ်ခဲ့တဲ့သမီးတယောက်ဖြစ်ခဲ့ဖူး တယ်လေ. ကလေးတို့ရဲ့ မျက်လုံးလေး တွေကိုမြင်လိုက်တာနဲ့ ဘယ်နေရာကလွှတ်လိုက်လဲ မသိရ တဲ့ သွေးတွေ,သံလိုက်ဓာတ်လိုဆွဲငင်နေတဲ့အရာတွေကို မေမေက ထိထိမိမိကိုခံစားလိုက်ရတဲ့ အတွက် မေမေ့ကလေးတွေကို ဘယ်လိုမေတ္တာမျိုးပေးရမလဲဆိုတာ သင်ယူစရာမလိုပဲ တတ်မြောက်ခဲ့တာပေါ့ အခုဆိုရင် မေမေ့ကလေးလေးတွေကလမ်းလျှောက်နေတဲ့သူကလျှောက်, ဝူးဝူးဝါးဝါးနဲ့ စကားပြောချင်နေတဲ့သူကပြော, မွေးခါစဆိုတဲ့အရွယ်လေးတွေကနေ လူမှန်း သိတတ်စ ဆိုတဲ့ အရွယ်ကိုရော က်နေကြပြီလေ မေမေ့ကလေးတွေ စရောက်ခါစက အခက်အခဲတွေမျိုးစုံနဲ့ပရမ်းပတာတွေဖြစ်နေတာပေါ့. မေမေ့ကို လဲပြိုအောင်, အရှက်တကွဲ ဖြစ်အောင်,ဂုဏ်သိက္ခာကျဆင်းအောင်နည်းအမျိုးမျိုးနဲ့ လုပ်ကြံဖန်တီးကြတဲ့သူ တွေ,အကျိုးလိုလို့ညောင်ရေလာလောင်းကြသူတွေ, အို,,,အနှောင့်အယှက်တွေစုံလို့ပါပဲ.ဒီအရာတွေကိုလေ ငါ့မှာ သား,သမီးတွေရှိတယ်ဆိုတဲ့အသိနဲ့ငါအင်အားရှိမှငါသားသမီးတွေအတွက် တံတိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်မယ်ဆိုပြီး အံကြိတ်ရပ်တည်ခဲ့တယ်. မေမေ့မှာ တတ်နိုင်တာဆိုလို့ မေတ္တာနဲ့ သစ္စာတရားပဲရှိတော့ ဒီလက်နက်၂ ခုကိုစွဲကိုင်, ဘုရားကိုပဲတိုင်တည်သစ္စာဆိုပြီး မေမေ့ရဲ့ မေတ္တာတရားမှန်ကန်ရင် အခုထပ်ပိုပြီး မေတ္တာငတ်မွတ်နေတဲ့ကလေးတွေကို ကူညီစောင့်ရှောက် ခွင့်ရတဲ့သူဖြစ်ပါစေလို့ဆုတောင်းခဲ့တယ် မေမေ့ကလေးလေးတွေက ဝကစ်လေးတွေ, ချစ်စရာ ကောင်းလိုက်တာ,ချောချောလေးတွေတဲ့ အဲ့ဒီလိုတွေပြောရင် မေမေကပီတိတွေဖြစ်လို့မှ မဆုံးသေးဘူး နောက်ဆက်တွဲစကားသံတွေကဘာတွေလဲသိလားကလေးတို့,, မေမေက အချောအလှလေးတွေချည်းရွေးမွေးထား တာတဲ့ကွယ် မေမေလေ ပြောစရာစကားမရှိလောက် အောင်ပါပဲ အခုဒီပို့စ်နဲ့အတူ မေမေ့ကလေးလေးတွေ မေမေ့ဆီရောက်ကာစအခြေအနေနဲ့ အခုအခြေအနေလေးတွေကိုလည်းသိရအောင်အတူတွဲပေးထားပေးတယ် နော်. ကလေးတယောက်ဆိုတာသစ်တပင်လိုပဲ မြေသြဇာကောင်းရင်, ရေလောင်းပေါင်းသင်မှန်မှန်လုပ် ရင် ဖွံ့ဖြိုး ကြီးထွားလှပလာမှာပဲလေ. မေမေ့ မေတ္တာရယ် ကလေးတို့ကိုပြုစုစောင့်ရှောက်ကြတဲ့ ဆရာမတွေ, ဝန်ထမ်းတွေရဲ့ဂရုတစိုက်ချစ်ခင်ပြုစုပေးမှုကြောင့် ပစ်လိုက်ရတော့မယ့် အနေအထားကနေအခုဆိုရင်ဘယ်လောက်ချ စ်စရာကောင်းပြီးကျန်းမာနေကြသလဲဆိုတာကြည့်နော် ကလေးတို့ကို မေမေ အခုလို အေးအေးချမ်းချမ်း နဲ့စောင့်ရှောက်နိုင်အောင် ဆန်တစိမှစလို့ ငွေကြေးဆိုင်ရာလှူဒါန်းကူညီသူများ, စိတ်ဓာတ်ပိုင်းဆိုင်ရာအားပေးသူများ အားလုံးကို မေမေကတနေ့မှမပြတ်ပဲမေတ္တာပို့ဆုတောင်းပြီးကျေးဇူးတင်လျှက်ပါ မေမေ့ဆီမှာအခု သားသမီး၂၈ေ ယာက်မှသည် ၂၈၀ , ၂၈၀၀ အထိ… ဒီလောကကြီးထဲ မေမေ့သားသမီးတွေက နောက်ထပ် ညီလေး,ညီမလေးတွေကို ဆင့်ကဲဆင့်ကဲ စောင့်ရှောက်နိုင်သော ရဲရဲတောက် မျိုးဆက် တွေ ခိုင် မိသားစုတွေဖြစ်ကြဖို့က မေမေ့ရဲ့ တခုတည်းသော ဆန္ဒပါပဲ သားသမီးတွေကို ချစ်ပေးတဲ့ ပရိသတ်ကြီးအားလုံးကိုလဲ ကျမ ဒီကနေ ကျေးဇူးအထူး တင်ပါတယ်လို့ပြောချင်ပါတယ်ရှင်… ” ဆိုပြီး သူမရဲ့ရင်တွင်းခံစားချက်တွေကို ဖော်ပြခဲ့ပါတယ်။

Photo – Khine Hnin Wai
Happy – Cele Zone