လော်စပီကာဒဏ်ခံရတဲ့အထဲမှာ ကိုယ့်အသံနဲ့ကိုယ်ပြန်ခံရတာအဆိုးဆုံးပဲဆိုတဲ့ စိုင်းစိုင်းခမ်းလိုင်

Posted on

လက်ရှိမှာကထိန်ကာလဖြစ်တာကြောင့် သူ့ထက်ငါအပြိုင်အဆိုင် အလှူခံမဏ္ဍပ်တွေနဲ့ အလှူခံအဖွဲ့တွေက သီချင်းပေါင်းစုံကို လော်စပီကာနဲ့ဖွင့်ပြီး ရပ်ကွက်ထဲမှာ အလှူခံနေကြတာပဲ ဖြစ်ပါတယ်။ နေ့ရောညပါမနားတမ်းဖွင့်တဲ့ သီချင်းသံတွေကြောင့် နားဆင်သူတွေလည်း အတော်လေး နားဒုက္ခရောက်နေခဲ့ကြပါတယ်။ သို့ပေမယ့် ကုသိုလ်ရေးမို့အားလုံးက သည်းခံပြီး ဒီကာလကိုကျော်ဖြတ်နေကြတာပဲဖြစ်ပါတယ်။

ဒီထဲမှာလည်း စိုင်းစိုင်းတစ်ယောက်အပါအဝင်ပါ။ စိုင်းစိုင်းတို့သီဆိုထားတဲ့ ” ငါ့ရည်းစားက ပိုမိုက်တယ် ” သီချင်းဟာလည်း ပင်တိုင်သိချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီသီချင်းကိုပဲ ရိုးအီနေအောင် ကြားရတဲ့စိုင်းစိုင်းတစ်ယောက်လည်း ကိုယ့်သီချင်းနဲ့ကိုယ် နားဒုက္ခခံရတဲ့အကြောင်းလေးကို လူမှုကွန်ယက်မှာပြောပြခဲ့တာပဲဖြစ်ပါတယ်။

အစကတည်းက ဟာသဉာဏ်ရှိသူပီပီ ” လော်စပီကာဒဏ်ခံရတဲ့အထဲမှာ ကိုယ့်အသံနဲ့ကိုယ် ပြန်ခံရတာအဆိုးဆုံးပဲ ” ဆိုပြီး ရေးသားလိုက်တော့ ပရိသတ်တွေလည်း အတော်လေးပွဲကျကုန် ကြပါတယ်။ ချစ်ဖို့ကောင်းတဲ့ လူပျိုကြီးကတော့ အမြဲလိုလို အရွှန်းဖောက်နေတော့တာပဲနော်။ ဒီကထိန်ကာလလေးပြီးရင်တော့ လော်စပီကာဒဏ်က အားလုံးလွတ်လောက်ပါရဲ့နော်။

Photo – Sai Sai Kham Leng
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ေလာ္စပီကာဒဏ္ခံရတဲ့အထဲမွာ ကိုယ့္အသံနဲ႔ကိုယ္ျပန္ခံရတာအဆိုးဆုံးပဲဆိုတဲ့ စိုင္းစိုင္းခမ္းလိုင္ ”

လက္ရွိမွာကထိန္ကာလျဖစ္တာေၾကာင့္ သူ႔ထက္ငါအၿပိဳင္အဆိုင္ အလႉခံမ႑ပ္ေတြနဲ႔ အလႉခံအဖြဲ႕ေတြက သီခ်င္း ေပါင္းစုံကို ေလာ္စပီကာနဲ႔ဖြင့္ၿပီး ရပ္ကြက္ထဲမွာ အလႉခံေနၾကတာပဲ ျဖစ္ပါတယ္။ ေန႔ေရာညပါမနားတမ္းဖြင့္တဲ့ သီခ်င္းသံေတြေၾကာင့္ နားဆင္သူေတြလည္း အေတာ္ေလး နားဒုကၡေရာက္ေနခဲ့ၾကပါတယ္။ သို႔ေပမယ့္ ကုသိုလ္ေရးမို႔အားလုံးက သည္းခံၿပီး ဒီကာလကိုေက်ာ္ျဖတ္ေနၾကတာပဲျဖစ္ပါတယ္။

ဒီထဲမွာလည္း စိုင္းစိုင္းတစ္ေယာက္အပါအဝင္ပါ။ စိုင္းစိုင္းတို႔သီဆိုထားတဲ့ ” ငါ့ရည္းစားက ပိုမိုက္တယ္ ” သီခ်င္းဟာ လည္း ပင္တိုင္သိခ်င္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ ဒီသီခ်င္းကိုပဲ ႐ိုးအီေနေအာင္ ၾကားရတဲ့စိုင္းစိုင္းတစ္ေယာက္လည္း ကိုယ့္သီခ်င္းနဲ႔ကိုယ္ နားဒုကၡခံရတဲ့အေၾကာင္းေလးကို လူမႈကြန္ယက္မွာေျပာျပခဲ့တာပဲျဖစ္ပါတယ္။

အစကတည္းက ဟာသဉာဏ္ရွိသူပီပီ ” ေလာ္စပီကာဒဏ္ခံရတဲ့အထဲမွာ ကိုယ့္အသံနဲ႔ကိုယ္ ျပန္ခံရတာအဆိုးဆုံးပဲ ” ဆိုၿပီး ေရးသားလုိက္ေတာ့ ပရိသတ္ေတြလည္း အေတာ္ေလးပြဲက်ကုန္ ၾကပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ လူပ်ိဳၾကီး ကေတာ့ အျမဲလိုလိုအရႊန္းေဖာက္ေနေတာ့တာပဲေနာ္။ ဒီကထိန္ကာလေလးျပီးရင္ေတာ့ ေလာ္စပီကာဒဏ္က အားလံုး လြတ္ေလာက္ပါရဲ႕ေနာ္။

Photo – Sai Sai Kham Leng
Happy – Cele Zone