တုနှိုင်းမရတဲ့ မေတ္တာဇာတ်ကား ရိုက်ခဲ့စဉ်က အမှတ်တရ ဖြစ်စရာလေးတွေ ပြောကြလာတဲ့ ခင်သဇင်

ခင်သဇင်ကတော့ လက်တလော အနုပညာလောကမှာ ကြိုးစားမှုတွေနဲ့ အောင်မြင်မှုတွေ များစွာပိုင်ဆိုင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝ ရရှိထား သူတစ်ယောက်ပါ။ လေယာဉ်မယ်အလုပ်ကို စွန့်ခွာပြီး အနုပညာလောကထဲကို ဝင်ရောက်လာသူတစ်ယောက်ဆိုလည်း မမှားပါဘူး ။ 

ခင်သဇင်ကတော့ အနုပညာ အလုပ်တွေပါမကပဲ ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်အားထက်သန်စွာ လုပ်ကိုင်သူလေးဖြစ်ကာ တကယ်ကို လေးစားအားကျစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။ ဒီလိုကာလမှာလည်း သူမရဲ့ အင်္ကျီတွေကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ တုနှိုင်းမရတဲ့ မေတ္တာ ဇာတ်ကား ရိုက်ခဲ့စဉ်က အမှတ်တရ ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေကို ပရိသတ်တွေကို ဝေမျှလာပါတယ် ။ ” တုနှိုင်း မရတဲ့ မေတ္တာ မှာ အိုးလေးကို မွေးစားတဲ့ ဆင်းရဲလွန်းတဲ့ ထမင်းသည်ကြီး အေမီ အဖြစ် သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ကို အန်တီမို့ က တွေ့တော့ ချီးကျူးခဲ့ပါတယ်..အဲကားလေးကို သူ စောင့်ကြည့်ဖြစ်တယ်တဲ့ ဘာလို့ဆို အေမီ ငယ်ဘဝ မှာ အန်တီမို့ နဲ့ တွဲဖက် ပြီး သရုပ်ဆောင်ခဲ့ရတာ မို့လို့ပါ.. အဖွားကြီး တစ်ယောက်လို သရုပ်ဆောင်တာ ပီပြင်မှုရှိပြီး မင်းသမီး တစ်ယောက်လို လှချင်မနေပဲ ဝတ်စားတာ ၊ လမ်းလျှောက်တာ၊ လေယူလေသိမ်းက အစ ကောင်းတယ် ပီပြင်မှု ရှိတယ် လို့ ချီးကျူးတဲ့ အခါ ထိုင်နေတဲ့ နေရာကနေတောင် နည်းနည်း ကြွသွားတယ်ထင်ရအောင် ပျော်ရွှင်ခဲ့ရပါတယ်..ဦးရန်လေး နဲ့လည်း အတူတွဲဖက် သရုပ်ဆောင်ခဲ့ရတာမို့နင်က ရှူတင်တုန်းက အဖွားကြီးလို ဝတ်ထားတော့ အခု ဂါဝန်နဲ့လည်း ဆိုရော ငါက မမှတ်မိတော့ ဘူး ဆိုပြီး တွေ့တာနဲ့ နောက်ပါတယ်… ကျွန်မလေ ဘဝ မှာ အနုပညာနဲ့ မွေးဖွားလာခဲ့ပြီး အနုပညာနဲ့ပဲ သေဆုံးသွား တဲ့ သူတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်…ကျွန်မရဲ့ ဆန္ဒတွေ ပြည့်ဝ ပါရစေ “ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khin Thazin