စုစုကအခြောက်လိုလုပ်ပြခိုင်းလို့ မုန့်စားနေရင်းနဲ့ နွဲ့တဲ့တဲ့ပုံစံနဲ့ ခြောက်ပြလိုက်တဲ့ ကိုမိကိရဲ့ ဗီဒီယို

Posted on

ကိုမီကိနဲ့စုစုတို့စုံတွဲလေးကတော့ နှစ်ယောက်ကမ္ဘာလေးမှာပျော်ရွှင်အောင်နေပြီး နှစ်ယောက်သားရဲ့ အပျော်တွေကိုလည်း ပရိသတ်တွေကိုအမြဲတမ်းပြန်ဝေမျှတတ်ပါသေးတယ်။ ဒီတစ်ခေါက်မှာလည်း စုစုက ကိုမီကိထိုင်ပြီးမုန့်စားနေတာကို အခြောက်လိုလုပ်ပြဖို့ ဇွတ်ပြောတာကြောင့် ကိုမီကိတစ်ယောက် ကျားကျားလျားလျားကြီးကနေ ချစ်သူအလိုကျ ကနွဲ့ကလျ ခြောက်ပြရတဲ့ အထိပါပဲ။ ကြည်နူးစရာ ရယ်ချင်စရာကောင်းတဲ့ ဒီဗီဒီယိုလေးကို ကိုမီကိက ပြန်လည်ဝေမျှခဲ့ပါတယ်။

နှစ်ယောက်သားလက်တွဲလာတဲ့သက်တမ်းဟာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း တစ်ယောက်နဲ့ တစ်ယောက်အချစ်မပြယ်ပဲ ချစ်စကားလေးတွေအပြန်အလှန်ဆိုနေကြပုံက ကြည်နူးစရာပါ။ ဘာဆိုဘာမှမတူညီတဲ့ ဓလေ့စရိုက်တွေနဲ့လူနှစ်ယောက်က တစ်နေရာတည်းမှာ လာဆုံပြီး တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်မိသွားတယ်ဆိုတာ လည်း ဆန်းပြားတဲ့ဖူးစာကြောင့်ပါပဲ ပရိသတ်ကြီးရေ။

စုစုတစ်ယောက် ကိုမီကိကို အခြောက်လိုလုပ်ပြခိုင်းရုံတင်မက ဖင်ပါကောက်ခိုင်းနေသေးတာကြောင့် ဖင်တော့မကောက်တတ် ဘူးဆိုပြီး ခပ်နောက်နောက်လေးပြန်ပြောခဲ့ပါသေးတယ်။ စုစုကတော့ ချစ်သူရဲ့အမူအရာတွေကိုကြည့်ပြီး သဘောတကျနဲ့ကို ရယ်နေခဲ့ပါတယ်။ ဒီပျော်စရာဗီဒီယိုလေးကို ” မရှိတဲ့ဖင်ကိုအတင်းကောက်ခိုင်းနေတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Video / Photo – Mikis Weber
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” စုစုကအေျခာက္လိုလုပ္ျပခိုင္းလို႔ မုန္႔စားေနရင္းနဲ႕ ႏြဲ႕တဲ့တဲ့ပံုစံနဲ႔ ေျခာက္ျပလိုက္တဲ့ ကိုမိကိရဲ႕ ဗီဒီယို ”

ကိုမီကိနဲ႔စုစုတို႔စံုတြဲေလးကေတာ့ ႏွစ္ေယာက္ကမၻာေလးမွာေပ်ာ္ရႊင္ေအာင္ေနျပီး ႏွစ္ေယာက္သားရဲ႕ အေပ်ာ္ေတြကိုလည္း ပရိသတ္ေတြကိုအျမဲတမ္းျပန္ေဝမွ်တတ္ပါေသးတယ္။ ဒီတစ္ေခါက္မွာလည္း စုစုက ကိုမီကိထိုင္ျပီးမုန္႔စားေနတာကို အေျခာက္လိုလုပ္ျပဖို႔ ဇြတ္ေျပာတာေၾကာင့္ ကိုမီကိတစ္ေယာက္ က်ားက်ား လ်ားလ်ားၾကီးကေန ခ်စ္သူအလိုက် ကႏြဲ႕ကလ်ေျခာက္ျပရတဲ့ အထိပါပဲ။ ၾကည္ႏူးစရာ ရယ္ခ်င္စရာေကာင္းတဲ့ ဒီဗီဒီယိုေလးကို ကိုမီကိက ျပန္လည္ေဝမွ်ခဲ့ပါတယ္။

ႏွစ္ေယာက္သားလက္တြဲလာတဲ့သက္တမ္းဟာ ႏွစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ျပီျဖစ္ျပီး လက္ရွိအခ်ိန္ထိ လည္း တစ္ေယာ က္နဲ႔တစ္ေယာက္အခ်စ္မျပယ္ပဲ ခ်စ္စကားေလးေတြအျပန္အလွန္ဆိုေနၾကပံုက ၾကည္ႏူးစရာပါ။ ဘာဆိုဘာမွမတူညီတ့ဲ ဓေလ့စရိုက္ေတြနဲ႔လူႏွစ္ေယာက္က တစ္ေနရာတည္းမွာ လာဆံုျပီး တစ္ေယာက္ကိုတစ္ေယာက္သိပ္ခ်စ္မိသြားတယ္ဆိုတာ လည္း ဆန္းျပားတဲ့ဖူးစာေၾကာင့္ပါပဲ ပရိသတ္ၾကီးေရ။

စုစုတစ္ေယာက္ ကိုမီကိကို အေျခာက္လိုလုပ္ျပခိုင္းရံုတင္မက ဖင္ပါေကာက္ခိုင္းေနေသးတာေၾကာင့္ ဖင္ေတာ့ မေကာက္တတ္ဘူးဆိုျပီး ခပ္ေနာက္ေနာက္ေလးျပန္ေျပာခဲ့ပါေသးတယ္။ စုစုကေတာ့ ခ်စ္သူရဲ႕အမူအရာေတြကို ၾကည့္ျပီး သေဘာတက်နဲ႔ကိုရယ္ေနခဲ့ပါတယ္။ ဒီေပ်ာ္စရာဗီဒီယိုေလးကို ” မရွိတဲ့ဖင္ကိုအတင္းေကာက္ခိုင္းေန တယ္ ” ဆိုျပီး တင္ထားတာပဲျဖစ္ပါတယ္။

Video / Photo – Mikis Weber
Happy – Cele Zone