တဖြည်းဖြည်း အရွယ်ရောက်လာကာ အိုက်တင်တွေ မျိုးစုံပေးတတ်နေပြီ ဖြစ်တဲ့ ထရက်ရှာလေး

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်ပြီး အရည်အချင်းရှိတဲ့သူကတော့ မင်းသမီးချောလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်။ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ စန္ဒီမြင့်လွင်က ဇာတ်ကားတွေအများအပြား ရိုက်ကူးခဲ့သလို တေးသီချင်းကောင်းတွေကိုလည်း ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ် ။

စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့ ထိမ်းမြားလက်ထပ်ပြီး နောက်ပိုင်းမှာ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့တစ်ထေရာတည်းတူတာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တုန်အောင်ချစ်နေရတာ ဖြစ်ပါတယ် ။ 

ဒီနေ့လေးမှာတော့ ထရက်ရှာလေးကို လွမ်းနေပြီဖြစ်တဲ့ ပရိသတ်တွေအတွက် ချစ်စရာပုံရိပ်လေးတွေကို ဝေမျှလာပါတယ် ။ ပုံလေးထဲမှာ အိုက်တင်တွေ မျိုးစုံပေးကာ အသည်းယားစရာကောင်းလွန်းနေပြီး တဖြည်းဖြည်း အရွယ်ရောက်လာကာ ပိုပိုချစ်စရာကောင်းလွန်းနေပါတယ်။ ပရိသတ်ကြီးအတွက် ထရက်ရှာလေးရဲ့ ပုံလေးတွေကို အလွမ်းပြေ ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khin Lin Htin