ဆရာတော် ဘုရားအား မိသားစုလိုက် နေ့ဆွမ်းဆက်ကပ်ကာ ကောင်းမှုကုသိုလ်ရများစွာ ပြုလုပ်ခဲ့တဲ့ မင်းသမီးကြီး ဝါဝါအောင်

ဝါဝါအောင်ကတော့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့ကာ အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကိုခံနေရတာပါ။

ဒါ့အပြင် ဦးအောင်ခိုင်နဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပြီး စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေ ကိုယ်စီရရှိပြီးသားလည်းဖြစ်ပါတယ် ။

အလှူလေးတွေဆိုရင်လည်း စိတ်တူ ကိုယ်တူ ပြုလုပ်လေ့ရှိရာ ဒီနေ့မှာလည်း မိသားစုလိုက် နေ့ဆွမ်းဆက်ကပ်ကာ ဝတ္တုငွေများလှူဒါန်းရင်း ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။အလှူပုံလေးတွေနဲ့ အတူ ” အရှေ့ဒဂုံမြို့နယ် ဓမ္မရိပ်ငြိမ်ဆရာတော်ကို မိသားစုနေ့ဆွမ်းကပ်လှူတာပါ ရှင် 10.6.2021  ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Wahwah Aung