အခက်အခဲဖြစ်နေတဲ့ ကလေးမိခင်တွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေး တစ်ခုနဲ့ အလှူလုပ်ပေးမယ့် သဉ္ဇာနွယ်ဝင်း

သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့  သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ခုချိန်ထိ ကလေးနှစ်ယောက် အမေလို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေတဲ့အပြင် ကလေးနှစ်ယောက်ကိုလည်း လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ရုံသာမကဘဲ ဇနီးကောင်းတစ်ယောက်ရဲ့ ဝတ္တရားကိုလည်း ကျေပွန်မှုတို့ကြောင့် အားလုံးက အားကျနေရတာပါနော် ။

သူမဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ သားလေးနဲ့ သမီးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး ချစ်စရာကောင်းလာတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါနော် ။ ဒီနေ့မှာတော့ လုပ်ငန်းရှင်တွေနဲ့ပေါင်းကာ အခက်အခဲဖြစ်နေတဲ့ ကလေးမိခင်တွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးနဲ့ အလှူလေးတစ်ခုကို ပြုလုပ်မယ့်အကြောင်းကို ရေးသားဖော်ပြလာပါတယ် ။

ဒါလေးကတော့ ” သဉ္ဇာနဲ့အတူအလှူတွဲလုပ်ဖို့ လုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ပါတယ်ရှင်။ သဉ္ဇာlive တစ်ခုစီကို ကုန်ပစ္စည်းတစ်မျိုးထဲအတွက် သီးသန့်လေးreviewလုပ်ပေးမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ကတော့ သဉ္ဇာ့ကို အနုပညာကြေးပေးစရာမလိုပဲ ကိုယ့်ရဲ့ကုန်ပစ္စည်းကိုပဲအလှူလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ကုန်ပစ္စည်းက နေ့စဉ်လိုအပ်ချက်အနေနဲ့သုံးတဲ့ပစ္စည်းနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ပစ္စည်းများကိုပဲ liveလုပ်ပေးပါမယ်ရှင်။ လိုအပ်တဲ့အလှူခံမဲ့သူတိုင်း liveရဲ့ commentမှာအလှူခံနိုင်ပြီး တစ်ခါထဲလှူပေးသွားမှာဖြစ်ပါတယ်ရှင်။ လုပ်ငန်းအကြီးအသေးမရွှေးပဲ အလှူလေးဖြစ်အောင်လုပ်ချင်တာဖြစ်လို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ chat boxကနေဆက်သွယ်လို့ရပါတယ်နော် ” ဆိုတဲ့ အကြောင်းလေးပါ ဖြစ်ရာ ပရိသတ်ကြီးအတွက် သတင်းကောင်းလေး ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Thinzar Nwe Win