သူရဲ့ JITTOO အော်ဂန်းနစ် ဆန်များကို ရောင်းချပြီး ရသမျှငွေများကို အလှူအတွက် အသုံးပြုမယ့် နေဒွေး

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ နေဒွေးကတော့ ခုလတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်သလို လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းလျက်ရှိပါတယ်။

ခုလိုအစစအရာရာ ဘက်ပေါင်းစုံကနေ ပါဝင်ကူညီ အားဖြည့်ပေးနေတဲ့အနုပညာရှင်တွေ ရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးက ခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။ပြည်သူတွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။

အခုလည်း နေဒွေးက လာမယ့် တနင်္ဂနွေနေ့မှာ သူရဲ့ အော်ဂဲနစ်ဆန်များကို live လွှင့်ရောင်းချပြီး ရသမျှငွေကြေးကို အလှူအတွက် အသုံးပြုမယ့်အကြောင်းကို ” ဒီလထဲမှာ ကျွန်တော်ရဲ့ အနုပညာအသိုင်းအဝိုင်းထဲက  ချို့တဲ့လူကြမ်းများ စက်အဖွဲ့သားများ နှင့် ချို့တဲ့သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာများ နှင့် စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုများပါရှိသော သီလရှင်ကျောင်းများ ကိုလှုဒါန်းဖို့အတွက် အခုလာမည့်တနင်္ဂနွေနေ့တွင် ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန်များကို အိတ် ၃၀ Live လွှင့်ရောင်းချပါ့မယ်ဗျ အဲ့အိတ် ၃၀ ရောင်းရငွေအကုန်လုံး နှင့် စုပေါင်းအလှုရှင် များပူပေါင်းပြီး လှုဒါန်းသွားပါမည်ခင်ဗျ Live လွှင့်ရောင်းချမည့် တနင်္ဂနွေနေ့တွင် အထူးနှုန်းဖြင့်ရောင်းချပေးသွားပါမည် အဲ့ရောင်းရငွေ အိတ် ၃၀လုံးကိုလည်း အလှုများအတွက်ပဲအသုံးပြုသွားမည်ဖြစ်ပါတယ်ခင်ဗျ ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ရွှေဆန် များကို စတင်ရောင်းချသည့်နေ့က စပြီးယနေ့အချိန်ထိ တခဲနက်အားပေးနေတဲ့ ချစ်သောလူကြီးမင်းများအားလုံးကျေးဇူးတင်ရှိပါသည်ခင်ဗျ လတ်တလော တွင် ကျွန်တော် သုံးစွဲနေသောငွေကြေးများ နှင့် အလှုများ ဟာာ သည်ဆန်ရောင်းရငွေများဖြစ်နေသောကြောင့် အားပေးကြတဲ့ထမင်းရှင်များ ကိုည တိုင်းမေတ္တာပို့ဆုတောင်းလျှက် “ရေးသားဖော်ပြထားရာ လေးစားမိတာ အမှန်ပဲမို့ ပရိသတ်ကြီးလည်း နေဒွေးရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nay dway