ကား Accident ဖြစ်ကာ ကွယ်လွန်သွားတဲ့ မေသစ္စာမောင် ရဲ့ ရင်နင့်စရာ နောက်ဆုံးခရီး ပုံရိပ်များ

​မေသစ္စာမောင် ကတော့ ဇွန်လ (၇) ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့ အင်းယားလမ်း မီးပွိုင့်မှာ ကား accident ဖြစ်ကာ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမ အပြင်ရောက်နေစဉ် အိမ်က ခွေးလေး ကလေးမွေးနေပြီဖြစ်တဲ့အတွက် ရရာ taxi ကို ဌားပြီး အိမ်ပြန်အလာ လမ်းမှာ မီးပွိုင့်မိနေစဉ် တစ်ဖက် ယာဉ်ကြောမှ လာတဲ့ လမ်းကနေ သူ့ဘက် အခြမ်းကို ဖြတ်တိုက်ခဲ့တာကြောင့် ဒဏ်ရာ အပြင်းအထန်ရကာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ 

သူမ ကွယ်လွန်သွားတဲ့အတွက် ပရိသတ်တွေ သာမကဘဲ အနုပညာရှင်များကပါ ဝမ်းနည်းကြေကွဲနေကြတာ ပါ။ အားလုံးကလည်း စိတ်မကောင်း ဖြစ်မိကြောင်း သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေထက်မှာ ဖော်ပြကြတာလည်းတွေ့ရပါတယ်။ငယ်ရွယ်လှပပြီး အရည်အချင်း ရှိသူလေးမို့ အားလုံးက နှမျောတသ ဖြစ်နေကြတာပါ။

ယနေ့ ဇွန်လ (၉) ရက်နေ့မှာတော့ သူမရဲ့နောက်ဆုံးခရီးလေးကို ချစ်ခင်ရတဲ့ မိသားစု အပေါင်းအသင်းမိတ်ဆွေတွေ ၊ ပရိသတ်တွေ လိုက်ပါပို့ဆောင်ကြတာတွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် မေသစ္စာမောင်ရဲ့ နောက်ဆုံး ခရီးပုံရိပ်တွေကို ဝေမျှပေးရင်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

 

Yuan – Cele Zone

Photo – Make Up Jewel Hlaing