ပြည်သူတွေ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေကြစေဖို့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ စားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင်  ဆောင်းယွန်းစံကတော့  လက်ရှိမှာ အလှူအတန်းတွေ  ပြုလုပ်ရင်းနဲ့  ပြည်သူတွေရဲ့ အခက်အခဲတွေကို  ကူညီ ဖြေရှင်းပေးနေတာလည်း  ဖြစ်ပါတယ်။  စစ်ဘေးရှောင် ပြည်သူတွေ အတွက်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။

ဒါ့အပြင် သူမကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီတွေကိုလည်း ရောင်းချကာ လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ် ။ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတာကြောင့် ပရိသတ်တွေက သဘောကျ နှစ်သက်ပြီး ချီးကျူးနေရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ယနေ့ ဇွန်လ (၈) ရက်နေ့မှာလည်း အရှေ့ဒဂုံမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု (၁၀၀ ) စာအတွက် အခြေခံစားသောက်ကုန်များကို လှူဒါန်းခဲ့ပြန်ပါတယ်။ အလှူနဲ့ ပတ်သက်ပြီးလည်း “ အရှေ့ဒဂုံက  အိမ်ထောင်စု ၁၀၀ စာအတွကိ ဆန် ဆီ ကြက်သွန်နီ ပဲ ငါးသေတာ အသားမှုန့်နှင့် စားသောက်ဖွာ်ရာများကို ခုနှစ်ရက်သားသမီးများ အလှုအနေနဲ့ သွားရောက်လှုဒါန်းခဲ့ပါတယ်ရှင့် ပါဝင်လှုဒါန်းပေးတဲ့သူများအားလုံးကိုလဲ ကျေးဇူးအထူးပါရှင့်.. ကုသိုလ်ထပ်တူရနိုင်ပါစေ”ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Saung yoon San