မိခင်ဖြစ်သူမှာ တရားခွင်ကအပြန် နှလုံးရပ်ပြီး သေဆုံးသွားတာကြောင့် ကျန်ရစ်တဲ့( ၆)လ အရွယ် သမီးလေးကို မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် ကြိုးစားလုပ်ဆောင်နေတဲ့ သူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေ ဖြစ်ပါတယ်။သူမက ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကို တည်ထောင်ထားသူ ဖြစ်ပြီး ကလေးတွေကို မိခင်စိတ်အပြည့်နဲ့ ချစ်ခင်ကြင်နာစွာ ထိန်းသိမ်း စောင့်ရှောက်ပေးနေတာ ပဲဖြစ်ပါတယ်။

ယခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူများကိုလည်း အခြေခံစားသောက်ကုန်တွေကို သွားရောက် ကူညီလှူဒါန်းပေးခဲ့တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီလို အရာရာ ခက်ခဲနေတဲ့ ကာလတွေမှာတောင် အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ခေါ်ယူမွေးစားခဲ့ပါတယ် ။

အခုလည်း (၆) လ အရွယ် ကလေးငယ်လေးတစ်ယောက်ကို ကယ်တင် မွေးစားခဲ့ပြန်ပါတယ်။ ခေါ်ယူမွေးစားဖြစ်ခဲ့တဲ့ အကြောင်းအရင်းကိုရလည်း ” ကောင်းရာမွန်ရာကို သွားပါတော့ ရှင်..အမှု ရုံးချိန်းလဲ ပီးပြတ်ပြီး သမီးလေးကိုကျမတို့ ဂေဟာ ရဲ့ မိသားစုဝင် အဖြစ် သတ်မှတ်လို့  အပီး ခေါ်သွားပါပီနော်..နောက်ဘဝ မှာ ကျန်းမာ သန်စွမ်းလို့ အနိုင်ကျင့် စော်ကား ခံရမှုမှ ကင်းဝေးပြီး ဘဝ အဆက်ဆက် စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပါစေ..သမီးလေးကို စိတ်ချ လက်ချ ထားပြီး ကျွတ်ရာ လွတ်ရာ သွားပါတော့ရှင်..အမျှ..အမျှ..အမျှ……ကွမ်းခြံကုန်း မြို့နယ် မှ မတရားကျင့်ခံရ၍ ကိုယ်ဝန်ဆောင်ခဲ့ရသော မသန်စွမ်း အမျိုးသမီးတစ်ဦး တရားခွင်မှ အပြန် နှလုံးရပ်ပြီး သေဆုံးသွား၍ ကျန်ရစ်ခဲ့သော (၆)လ အရွယ် သမီးလေးကို ကျမတို့ “ခိုင်” မိသားစု မှ ခေါ်ယူမွေးစားခဲ့ပါတယ်ရှင်).” ရေးသားဖော်ပြထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။

Yuan – Cele Zone

Photo – Khine Hnin Wai