သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီဖြစ်တဲ့ အရှင်သစ္စာနန္ဒ (ခ) စွမ်းဇာနည်

မင်းသားချောလေး စွမ်းဇာနည်ကတော့ မြန်မာ့ရိုးရာအကကိုလည်း တက်ကျွမ်းသလို သရုပ်ဆောင်ပညာနဲ့အဆိုပိုင်းမှာလည်း ထူးချွန်တဲ့အနုပညာရှင်ကောင်းတစ်ယောက်ပါ ။စွမ်းဇာနည်က အနုပညာအလုပ်တွေကို အသက်ငယ်ငယ်လေးကတည်းက လုပ်ဆောင်ခဲ့လို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။

အနုပညာအရည်အချင်း ပြည့်ဝသူဖြစ်ပြီး အကပိုင်းမှာလည်း ထူးချွန်တာဖြစ်လို့ သူရဲ့ ဇာတ်ပွဲတွေကို ပရိသတ်တွေက မလွတ်တမ်းအားပေးကြပါတယ် ။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ စွမ်းဇာနည်က အလုပ်လည်း ကြိုးစားသလို ကောင်းမှုကုသိုလ် အလှူအတန်းတွေဆိုရင်လည်း ရှေ့ဆုံးကနေပါဝင်တတ်သူပါ ။ 

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း စွမ်းက ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့သလို တတ်နိုင်သလောက်ပါဝင် အားဖြည့်ခဲ့ပါတယ် ။ ယနေ့ ဇွန်လ (၇) ရက်နေ့မှာတော့ စွမ်းက  အရှင်သစ္စာနန္ဒ ဆိုတဲ့ ဘွဲ့နာမည်နဲ့ အေးချမ်းတဲ့ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီဖြစ်ကြောင်း သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပရိသတ်တွေကို အသိပေးလာပါတယ် ။ပရိသတ်ကြီးအတွက် အရှင်သစ္စာနန္ဒ (ခ) စွမ်းဇာနည် ရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Swan Zarni