တစ်လလုံးနေမကောင်းဖြစ်နေရတာကြောင့် အားနည်းပြီးလမ်းမလျောက်နိုင်တော့ပဲ ဝှီးချဲနဲ့ပဲ သွားလာနေရတဲ့ နန်းစုဦး
Posted on
အရမ်းကိုချစ်ဖို့ကောင်းတဲ့အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်ထားတဲ့ပြည့်သူ့အချစ်တော်နန်းစုဦးကတော့ လက်ရှိမှာကျန်းမာရေး အခြေအနေသိပ်မကောင်းသေးတာကြောင့် ဒီတစ်လလုံးမှာ သူမရဲ့ပုံတွေ သိပ်မတင်ဖြစ်ဖူးဆိုတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဘန်ကောက်က ဆေးရုံတစ်ခုမှာ ဆေးသွားကုရင်း ဝှီးချဲလေးစီးပြီး ထွက်လာတဲ့သူမရဲ့ ဗီဒီယိုလေး ကိုကြည့်ရသူတိုင်း စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကလည်း သူမအမြန်ဆုံးနေကောင်းကျန်းမာလာဖို့ကိုလည်း ဆုတောင်းပေးနေခဲ့ကြပါ သေးတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ ချစ်စရာကောင်းတဲ့မင်းသမီးလေးတစ်ယောက် နေမကောင်းပေမယ့်လည်း သူမရဲ့ချစ်ပရိသတ်တွေ စိတ်ပူမှာဆိုးလို့ ဝှီးချဲပေါ်မှာပြုံးနေတဲ့ ပုံရိပ်လေးတစ်ခုကိုဝေမျှခဲ့ပါသေး တယ်။
အမြဲတမ်းပုံရိပ်လေးတွေတင်နေကျသူမက ဒီတစ်ခေါက်မှာတော့ ” Been sick this whole month… November has to be my least fave month this year ” ဆိုပြီး သူမရဲ့ကျန်းမာရေးကြောင့် ပုံလေးတွေသိပ်မတင်နိုင်ကြောင်းကို ပြောပြခဲ့ပါတယ်။ အမြန်ဆုံး ပြန်လည်ကျန်းမာပြီး ရုပ်ရှင်ဇာတ်ကားတွေအများကြီးရိုက်နိုင်ပါစေနန်းစုရေ။
Video / Photo – Nan Su Oo
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Video / Photo – Nan Su Oo
Happy – Cele Zone