သူမရဲ့ အဝတ်အစားတွေကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းဖို့အတွက် ကိုယ်တိုင် ပြင်ဆင်နေတဲ့ ဘေဘီမောင်

သရုပ်ဆောင်ကောင်းသလို စကားပြောလည်း ပွင့်လင်းတာကြောင့် ပရိသတ်တွေ တစ်ခဲနက် အားပေးချစ်ခင်နေကြတဲ့သူလေးကတော့ မင်းသမီးချော ဘေဘီမောင်ပဲဖြစ်ပါတယ်။   မိဘအပေါ်လည်း သိတတ်ပြီး မိဘကို ကျွေးမွေးပြုစုနေတဲ့  သမီးလိမ္မာလေးတစ်ယောက် ဖြစ်လို့ ပရိသတ်တွေက အားကျချစ်ခင်နေရတာပါ ။ 

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း   ပြည်သူတွေနဲ့အတူ  တစ်တပ်တစ်အား ပါဝင်နေပြီး မြန်မာပြည်ပြီး  အမြန်ဆုံး ငြိမ်းချမ်းအောင်လည်း မြတ်စွာဘုရားရှင်ထံ ဝတ်ပြုပြီးတိုင်း ဆုတောင်းပေးနေတာလည်း ဖြစ်ပါတယ်။ဘုရားတရားလည်းကိုင်းရှိုင်းပြီး အလှူဒါနဆိုလည်း လက်မနှေးတတ်တာကြောင့် ပရိသတ်တွေက လေးစားခဲ့ရသူပါ ။

မကြာခင်နာရီပိုင်းကလည်း သူမရဲ့ စာမျက်နှာထက်မှာ ” ရောင်းစရာရှိတာရောင်းပြီးသကာလ လှူစရာရှိတာလှူမလို့ပါ လိုအပ်တဲ့နေရာတစ်ချို့ လှူဖို့အတွက် ” ဆိုတဲ့ စာလေးနဲ့ အတူ အဝတ်အစားတွေ လှူဒါန်းဖို့ အတွက် ကိုယ်တိုင် ပြင်ဆင်နေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Baby Maung