မွေးနေ့မှာ မိဘမဲ့ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ အာရုဏ်ဆွမ်း ကပ်ကာ ကုသိုလ် ကောင်းမှုများစွာ ပြုလုပ်ခဲ့တဲ့ စံရတီမိုးမြင့်

စံရတီမိုးမြင့် ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကိုအခိုင်အမာရရှိထား သူလေးတစ်ယောက် ဖြစ်သလို စကားပြောလေးကလည်း ချိုသာပြီး ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ အပြောဆိုလေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ နော်။ 

စံရတီမိုးမြင့်က ဗီဒီယိုဇာတ်ကား ပေါင်းများစွာကို ရိုက်ကူးထားသူလေး ဖြစ်ပြီး ဇာတ်ကောင်ကို ပီပြင်အောင် ကြိုးစား သရုပ်ဆောင်နိုင်တဲ့ အပြင် ကျော့ရှင်းတဲ့ အလှတရားတွေနဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း မိန်းကလေးတိုင်း သဘောကျတဲ့ ဘော်ဒီလေးကို ပိုင်ဆိုင်ထား သူလေး ဖြစ်ပါတယ်နော်။ 

ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း မကြာခဏပြုလုပ်လေ့ရှိပါတယ် ။ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့ကတော့ သူမရဲ့ မွေးနေ့လေးပဲ ဖြစ်ရာ မွေးနေ့မှာ မိဘမဲ့ ကိုရင်လေးနဲ့ ဆရာလေးတွေ ကို ပညာသင်ပေးနေတဲ့ မိဘမဲ့ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ အာရုဏ်ဆွမ်း ကပ်ကာ ကောင်းမှုကုသိုလ် များစွာပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှထားပါတယ် ။ပရိသတ်ကြီးအတွက် စံရတီမိုးမြင့်ရဲ့ အလှူပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – San Yati Moe Myint