သည်းထန်စွာ ရွာနေတဲ့ မိုးရေတွေကို မမှုဘဲ ပြည်သူတွေ အဆင်ပြေစေဖို့အိမ်ခြေ (၁၀၀) ကျော်အတွက် စုပေါင်းအလှူလေး ပြုလုပ်ခဲ့တဲ့ ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာကနေ အောင်မြင်ကျော်ကြားလာတာ ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေနဲ့ Photo Shooting တွေကိုပါ ရိုက်ကူးလာတာတွေ့ရပါတယ်။ပိုးကြာဖြူခင်ဟာ စိတ်ထားဖြူစင်ပြီး လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူလေး ဖြစ်ပြီး အနုပညာအလုပ်ပေါ်တွင်လည်း တန်ဖိုးထားကာ ပရိသတ်တွေ အတွက် အမြဲကြိုးစား အားထုတ်နေတဲ့ သူလေး ဖြစ်ပါတယ်။

လတ်တလောမှာလည်း မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး ပိုးကြာဖြူခင်က ပြည်သူပရိသတ်တွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိပါတယ် ။ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက်လည်း လိုအပ်တာများကို ပါဝင်လှူဒါန်းနေသူပါ ။မနေ့က ဇွန်လ (၇) ရက်နေ့မှာလည်း သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး သည်းထန်စွာ ရွာနေတဲ့ မိုးရေတွေကို မမှုဘဲ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ အခြေခံစားသောက်ကုန်များကို အိမ်ခြေ (၁၀၀) စာအတွက် ကိုယ်တိုင် လှူဒါန်းခဲ့ပါတယ်။ 

အလှူနဲ့ ပတ်သက်ပြီး ” မနေ့က တနေကုန် မိုးတွေ သဲကြီးမဲကြီး ရွာတဲ့နေ့ မိုးချိန်းသံတွေ မိုးရေတွေကြား မိုးရေချိုးပြီး လှူခဲ့ရတဲ့အလှူလေး အိမ်ခြေ ၁၀၀ ကျော် စာအတွက် ကျမနဲ့ကျမသူငယ်ချင်းများရဲ့ အလှူလေးပါရှင် နောက်လဲ လာလှူဦးနော်တဲ့ ဒီတခါ လာမယ်ဆိုရင် လာလှူမယ့်နေရာသာပြော တွေ့ချင်လွန်းလို့ ကို ညအိပ်စောင့်မယ်တဲ့ ကျမတို့ကိုတွေ့လို ပျော်နေကြတဲ့ ချစ်စရာကောင်းတဲ့ မျက်နှာတွေကို ဘယ်တော့မှ မမေ့ဘူး ကျမ ကို ချစ်ပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်ရှင် နောက်ရက်တွေလဲ ဆက်လှူနိုင်အောင် ကြိုးစားနေပါတယ် အလှူမှာ ပါဝင်ကူညီ ပေးကြတဲ့ တစ်ယောက်ချင်းစီ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် ရှင်” ရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Poe Kyar Phyu Khin