ကွယ်လွန်သွားတဲ့ မေသစ္စာမောင်ရဲ့ ကား Accident ဖြစ်ခဲ့ရပုံ အကြောင်းစုံနဲ့ ပုံရိပ်များ

မေသစ္စာမောင်ဆိုတဲ့မော်ဒယ်မလေးကတော့ ချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား မော်ဒယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှတွေ ညှို့အားပြင်းတဲ့ဖက်ရှင်တွေကြောင့် ပုရိသပရိသတ်တွေအားပေးခြင်းကို တစ်ခဲနက်ဆိုသလိုရရှိထားခဲ့တာကိုလည်းတွေ့ရပါတယ်။ 

​မနေ့ညမှာ တော့ မေသစ္စာမောင်က ကား accident ဖြင့် ရုတ်တရက် ကွန်လွန်သွားတဲ့ သတင်းတွေ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပျံ့နှံ့ ခဲ့ပါတယ်။ ဒီသတင်းလေးကို ကြားကြားချင်း ပရိသတ်တွေကလည်း ငယ်ရွယ်သူလေးမို့ နှမျောတသ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ 

ကား accident ဖြစ်ခဲ့ရပုံ အကြောင်းစုံကိုလည်း သူမရဲ့ အသိမိတ်ဆွေတစ်ယောက်က ” မေသစ္စာမောင်အပြင်ထွက်နေတုန်း အိမ်ကသူမွေးထားတဲ့ ခွေးမလေးက ကလေးမွေးနေပီဆိုပီး ရရာ Taxi ကိုတောင်းပန်ငှါးပီး အပြန် ၊ မီးပွိုင့်မိနေတုန်း တဖက်လမ်းကြောကလာတဲ့ကားက သူ့ဘက်အခြမ်းကို ဖြတ်တိုက်လိုက်တာပါတဲ့ ” ဆိုပြီး ရေးသားထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော်။ မေသစ္စာမောင်လည်း ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Ma Khit San Thu