မိုးသည်းထန်စွာ ရွာနေတာကို မမှုဘဲ ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်များကို ကိုယ်တိုင်လှူဒါန်းပေးနေတဲ့ ပိုးကြာဖြူခင်

ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာကနေ အောင်မြင် ကျော်ကြားလာတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ပရိသတ်တွေ နဲ့ အလုပ်အပေါ်မှာလည်း လေးစားတဲ့ သူမက မိဘကိုရှာဖွေ ကျွေးမွေးပြုစုနေတဲ့ သမီး အလိမ္မာလေး တစ်ယောက်လည်းဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။နည်းသည်များသည် ဖြစ်စေ ခုလိုအချိန်မှာ ပေးကမ်းဝေမျှခြင်းကလည်း မွန်မြတ်လှပါတယ် ။ 

အခုလည်း အားလုံးခက်ခဲနေတဲ့ ကာလမှာ အဆင်မပြေ ဖြစ်နေတဲ့ ပြည်သူတွေအတွက် မိတ်ဆွေတွေနဲ့ စုပေါင်းပြီး အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာနေပေမယ့်လည်း ပြည်သူတွေ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေသွား စေဖို့ အခြေခံစားသောက်ကုန်များကို ကိုယ်တိုင် လှူဒါန်းပေးနေတာ လေးစားစရာကောင်းလွန်းပါတယ်နော် ။ ပရိသတ်ကြီးအတွက် ပိုးရဲ့ အလှူဗီဒီယိုလေးကို ဝေမျှပေးရင်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Poe Kyar Phyu Khin