ယာယီဥက္ကဌ တာဝန်ကို မထမ်းဆောင်လိုတာကြောင့် နှုတ်ထွက်ခွင့်ပြုရန် တရားဝင်စာ တင်သွင်းလိုက်တဲ့ ခန့်စည်သူ

ခန့်စည်သူကတော့ ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး ။ ဒီလိုကာလမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် အစားအသောက်တွေလည်း တတ်နိုင်သလောက် ကူညီခဲ့တာတွေ့ရပါတယ် ။ မကြာခင်ရက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီး ခန့်စည်သူကို ယာယီဥက္ကဌတာဝန်ကို ထမ်းဆောင်ရန် လွှဲပြောင်းပေးအပ်ခဲ့တာ အားလုံး သိရှိပြီးဖြစ်မှာပါ ။ 

ဒီလို ခန့်စည်သူကို ဥက္ကဌတာဝန် လွှဲအပ်ပေးခဲ့တဲ့ အချိန်ကစပြီး ရုပ်ရှင် အသိုင်းအဝိုင်းထဲက အနုပညာရှင်များစွာက ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ကုန်ကြပါတယ်။ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ပရိသတ်တွေရဲ့  ဝေဖန် မှုတွေကိုလည်း မျိုးစုံတွေ့မြင်ရပါတယ်။

ယနေ့ ဇွန်လ (၇) ရက်နေ့မှာတော့ ခန့်စည်သူက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ခန့်အပ်ခဲ့တဲ့ ယာယီဥက္ကဌတာဝန်ကို မထမ်းဆောင်လိုတာကြောင့် တာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် တရားဝင်စာ တင်သွင်းခဲ့ကြောင်းဖော်ပြထားပါတယ် ။ ပရိသတ်ကြီးအတွက် ခန့်စည်သသူရဲ့ ဥက္ကဌက နှုတ်ထွက်လိုက်တဲ့ သတင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Kyaw Soe Win