အလုပ်ကိစ္စနဲ့ခရီးဝေးရောက်နေချိန်မှာ ဆေးရုံတင်ထားရတဲ့ သမီးလေးနှစ်ယောက်အတွက် စိတ်မအေးနိုင်ဖြစ်နေရတဲ့ မေမေခိုင်နှင်းဝေ

Posted on

ပရဟိတစိတ်ဓာတ်အပြည့်ရှိပြီး ဝမ်းမနာသားသမီးလေးတွေကိုပြုစုစောင့်ရှောက်ပေးနေတဲ မေမေခိုင်နှင်းဝေရဲ့ဂေဟာက သမီးလေးနှစ်ယောက်သာ နေမကောင်းဖြစ်နေတာကြောင့် ဆေးရုံတင်ပြီးကုသနေဆဲအခြေအနေဖြစ်လို့ မေမေခိုင်နှင်းဝေ တစ်ယောက် သမီးလေးတွေကို စိတ်မချနိုင်ဖြစ်နေခဲ့ရပါတယ်။ သူမကိုယ်တိုင်ကတော့ ရုပ်ရှင်ဇာတ်ကားရိုက်ရမှာဖြစ်လို့ မဖြစ်မနေ နယ်ဝေးခရီးတစ်ခုကိုရောက်ရှိနေတာမို့ အနီးကပ်ပြုစုခွင့်မရခဲ့ပါဘူး။

သူမရဲ့သားသမီးတိုင်းကို ရင်နဲ့ရင်းပြီးချစ်တဲ့သူမို့ ဒီသမီးလေးနှစ်ယောက်အတွက်ကိုလည်း သူမအနေနဲ့ အတော်လေး စိတ်ပူ နေပုံပါပဲ။ လူကတော့အဝေးရောက်နေပေမယ့် စိတ်ကတော့ ချစ်ရတဲ့သမီးလေးတွေဆီကို ရောက်နေတယ်လို့ဆိုပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေး နှစ်ယောက်ကိုလည်း အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ ဝိုင်းဝန်းဆုတောင်းပေးဖို့အတွက် ပရိသတ်ကြီးကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

သမီးလေးတွေအကြောင်းကို ” ရုပ်ရှင်ကားကြီးရိုက်ရမှာမို့ မဖြစ်မနေခရီးထွက်လာရတယ် ကျမရဲ့ သမီးလေး ၂ယောက် တော်တော်လေးနေမကောင်းလို့ဆေးရုံတင်ထားရတယ်ရှင် လူက အဝေးရောက်နေပေမယ့် စိတ်က သမီးတွေဆီရောက်နေ တယ် နေကောင်းကျန်းမာအောင်နေပေးပါ သမီးလေးတို့ရယ် သမီးလေးတို့အနားမှာနေချင်ပေမယ့် မေမေက အလုပ်တွေ လုပ်နေရသေးတယ် လေ ကလေးတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ ပန်းကလေးတွေမနွမ်းဘဲအမြဲစိမ်းလန်း လှပနေဖို့ မေမေတာဝန်ယူတယ်နော် သားတို့သမီးတို့ရေ ကလေးတွေအတွက် ဆုတောင်းပေးပါ ဦးရှင် ” ဆိုပြီး တင်ထားတာ ပဲဖြစ်ပါတယ်။

Photo – Khine Hnin Wai
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” အလုပ္ကိစၥနဲ႔ခရီးေဝးေရာက္ေနခ်ိန္မွာ ေဆးရံုတင္ထားရတဲ့ သမီးေလးႏွစ္ေယာက္အတြက္ စိတ္မေအးႏိုင္ျဖစ္ေနရတဲ့ ေမေမခိုင္ႏွင္းေဝ ”

ပရဟိတစိတ္ဓာတ္အျပည့္ရွိျပီး ဝမ္းမနာသားသမီးေလးေတြကိုျပဳစုေစာင့္ေရွာက္ေပးေနတဲ ေမေမခိုင္ႏွင္းေဝ ရဲ႕ေဂဟာက သမီးေလးႏွစ္ေယာက္သာ ေနမေကာင္းျဖစ္ေနတာေၾကာင့္ ေဆးရံုတင္ျပီးကုသေနဆဲ အေျခအေနျဖစ္လို႔ ေမေမခိုင္ႏွင္းေဝတစ္ေယာက္ သမီးေလးေတြကို စိတ္မခ်ႏိုင္ျဖစ္ေနခဲ့ရပါတယ္။ သူမကိုယ္တိုင္ကေတာ့ ရုပ္ရွင္ဇာတ္ကားရိုက္ရမွာျဖစ္လို႔ မျဖစ္မေန နယ္ေဝးခရီးတစ္ခုကိုေရာက္ရွိေနတာမို႔ အနီးကပ္ျပဳစုခြင့္မရခဲ့ပါ ဘူး။

သူမရဲ႕သားသမီးတိုင္းကို ရင္နဲ႔ရင္းျပီးခ်စ္တဲ့သူမို႔ ဒီသမီးေလးႏွစ္ေယာက္အတြက္ကိုလည္း သူမအေနနဲ႔ အေတာ္ ေလးစိတ္ပူေနပံုပါပဲ။ လူကေတာ့အေဝးေရာက္ေနေပမယ့္ စိတ္ကေတာ့ ခ်စ္ရတဲ့သမီးေလးေတြဆီကို ေရာက္ေန တယ္လို႔ဆိုပါတယ္။ ခ်စ္စရာေကာင္းတဲ့သမီးေလး ႏွစ္ေယာက္ကိုလည္း အျမန္ဆံုးျပန္လည္က်န္းမာလာေစဖို႔ ဝိုင္းဝန္းဆုေတာင္းေပးဖို႔အတြက္ ပရိသတ္ၾကီးကိုလည္း ေတာင္းဆိုခဲ့ပါေသးတယ္။

သမီးေလးေတြအေၾကာင္းကို ” ႐ုပ္ရွင္ကားႀကီး႐ိုက္ရမွာမို႔ မျဖစ္မေနခရီးထြက္လာရတယ္ က်မရဲ႕ သမီးေလး ၂ေယာက္ ေတာ္ေတာ္ေလးေနမေကာင္းလို႔ေဆး႐ုံတင္ထားရတယ္ရွင္ လူက အေဝးေရာက္ေနေပမယ့္ စိတ္က သမီးေတြဆီ ေရာက္ေနတယ္ ေနေကာင္းက်န္းမာေအာင္ေနေပးပါ သမီးေလးတို႔ရယ္ သမီးေလးတို႔အနားမွာေနခ်င္ေ ပမယ့္ ေမေမက အလုပ္ေတြလုပ္ေနရေသးတယ္ ေလ ကေလးေတြဆိုတာ ပန္းကေလးေတြနဲ႔တူတယ္တဲ့ ပန္းကေလးေတြမႏြမ္းဘဲအၿမဲစိမ္းလန္း လွပေနဖို႔ ေမေမတာဝန္ယူတယ္ေနာ္ သားတို႔သမီးတို႔ေရ ကေလး ေတြအတြက္ ဆုေတာင္းေပးပါ ဦးရွင္ ” ဆိုျပီး တင္ထားတာပဲျဖစ္ပါတယ္။

Photo – Khine Hnin Wai
Happy – Cele Zone