သူမနာမည်နဲ့ ပေ့ချ်အတုဖွင့်ကာ လုပ်ငန်းရှင်တွေနဲ့ ပရိသတ်တွေဆီက ငွေတွေလိမ်တောင်းနေသူကို သတိပေးလိုက်တဲ့ ဖြူဖြူထွေး

Posted on

နာမည်ကြီးအနုပညာရှင်တွေနဲ့ အမည်ကိုခုတုံးလုပ်ပြီး လိမ်စားညာစားတဲ့သူတွေလည်း အများအပြားပါပဲ။ တစ်ချို့ကတော့ ကိုယ်ချစ်တဲ့အနုပညာရှင်ရဲ့နာမည်လေးနဲ့ လူမှုကွန်ယက်သုံးပြီး ကိုယ့်အိုင်ဒေါရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေသိအောင် ထပ်ဆင့်ပြန်တင်ပေးနေတာတွေရှိပြီး ငွေတွေလိမ်ညာနေတဲ့ လူလိမ်လူကောက်တွေလည်းအများအပြားပါပဲ။ ဒါကိုခွဲခြား သိမြင်ဖို့အတွက် ပရိသတ်ကြီးက သတိထားပြီးလေ့လာဖို့လိုပါတယ်။

ဒီတစ်ခေါက်မှာလည်းဖြူဖြူထွေးရဲ့နာမည်ကိုခုတုံးလုပ် ပေ့ချ်တစ်ခုဖွင့်ပြီး လာရောက်စကားပြောတဲ့ အားပေးချစ်ခင်သူ ပရိသတ်တွေဆီက ငွေတွေလိုက်တောင်းတဲ့အပြင် လုပ်ငန်းလာအပ်တဲ့ လုပ်ငန်းရှင်တွေဆီကလည်း စရံငွေတွေကြိုယူကာ တကယ်တမ်းအလုပ်လုပ်တဲ့နေ့ကျတော့မှာ ဖုန်းတွေစက်ပိတ်ကာ ဖုန်းကဒ်တွေပြောင်းလဲပြီး လိမ်လည်ခဲ့သူတစ်ယောက် အကြောင်းကို ဖြူဖြူထွေးက ပြောပြခဲ့တာပဲဖြစ်ပါတယ်။

” အောက်ပါ အကောင့်သည် အားပေးလို့ဖွင့်တာမဟုတ်ပဲ လုပ်ငန်းရှင်များဆက်သွယ်လာလျှင် ဖြူဖြူထွေးပါဟု လိမ်လည်ကာ စရံများကို အတင်းတောင်းဆိုပြီး တကယ် အလုပ်လုပ်မဲ့နေ့တွင် ဖုန်းစက်ပိတ် ဖုန်းကဒ် တစ်ကဒ်ပြီးတစ်ကဒ် လုပ်စားနေတာ ဖြစ်ပါတယ် ,ဖြူဖြူထွေးနာမည်နဲ့ ပိုက်ဆံတွေလဲ လိုက်ချေးနေပါတယ် ဆက်မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ် ချစ်လို့ လာအပ်တဲ့ လုပ်ငန်းရှင်တော်တော်များများအတွက် စိတ်မကောင်းဖြစ်မိပါတယ် အလုပ်အတွက် ဆက်သွယ်ရန် သမီးရဲ့ မန်နေဂျာဖုန်းတစ်ခုပဲ ရှိပါ_ 09966444822 ” ဆိုပြီး အားလုံးကို သတိပေးစကားဆိုခဲ့ပါတယ်။

Photo – Phyu Phyu Htwe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” သူမနာမည်နဲ့ ပေ့ခ်ျအတုဖွင့်ကာ လုပ်ငန်းရှင်တွေနဲ့ ပရိသတ်တွေဆီက ငွေတွေလိမ်တောင်းနေသူကို သတိပေးလိုက်တဲ့ ဖြူဖြူထွေး ”


ဒီတစ်ခေါက်မှာလည်းဖြူဖြူထွေးရဲ့နာမည်ကိုခုတုံးလုပ် ပေ့ခ်ျတစ်ခုဖွင့်ပြီး လာရောက်စကားပြောတဲ့ အားပေးချစ်ခင်သူ ပရိသတ်တွေဆီက ငွေတွေလိုက်တောင်းတဲ့အပြင် လုပ်ငန်းလာအပ်တဲ့ လုပ်ငန်းရှင်တွေဆီကလည်း စရံငွေတွေ ကြိုယူကာ တကယ်တမ်းအလုပ်လုပ်တဲ့နေ့ကျတော့မှာ ဖုန်းတွေစက်ပိတ်ကာ ဖုန်းကဒ်တွေပြောင်းလဲပြီး လိမ်လည်ခဲ့သူ တစ်ယောက်အကြောင်းကို ဖြူဖြူထွေးက ပြောပြခဲ့တာပဲဖြစ်ပါတယ်။

” အောက်ပါ အကောင့်သည် အားပေးလို့ဖွင့်တာမဟုတ်ပဲ လုပ်ငန်းရှင်များဆက်သွယ်လာလျှင် ဖြူဖြူထွေးပါဟု လိမ်လည်ကာစရံများကို အတင်းတောင်းဆိုပြီး တကယ်အလုပ်လုပ်မဲ့နေ့တွင် ဖုန်းစက်ပိတ် ဖုန်းကဒ်တစ်ကဒ်ပြီးတစ်ကဒ် လုပ်စားနေတာ ဖြစ်ပါတယ် ,ဖြူဖြူထွေး နာမည်နဲ့ ပိုက်ဆံတွေလဲ လိုက်ချေေးနပါတယ် ဆက်မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ် ချစ်လို့လာအပ်တဲ့ လုပ်ငန်းရှင်တော်တော်များများအတွက် စိတ်မကောင်းဖြစ်မိပါတယ် အလုပ်အတွက် ဆက်သွယ်ရန် သမီးရဲ့ မန်နေဂျာ ဖုန်းတစ်ခုပဲ ရှိပါ_ 09966444822 ” ဆိုပြီး အားလုံးကို သတိပေးစကားဆိုခဲ့ပါတယ်။

Photo – Phyu Phyu Htwe
Happy – Cele Zone