မြန်မာလူမျိုးတို့ရဲ့ မြင့်မြတ်တဲ့ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်းကာ ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်နေသူကတော့ မင်းသမီးကြီး ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးငယ်တွေကို လက်လှမ်းမှီသလောက် ကူညီစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဟာ အများက လေးစား အချစ်ပိုနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက် စောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။ဒ့ါအပြင် ဒီလိုကာလမှာလည်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေ အတွက်လည်း လှူဒါန်းမှုတွေကို ပြုလုပ်ပေးလျက်ရှိတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေကတော့ ပရဟိတ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ အပြင် ကောင်းမှုကုသိုလ်များကိုလည်း မကြာခဏပြုလုပ်ကာ (၇) ရက်သားသမီးများအတွက်လည်း မေတ္တာပို့ဆုတောင်းပေးခြင်းတွေလည်းပြုလုပ်တက်သူပါနော်။ ယနေ့ ကဆုန်လပြည့်နေ့လေးမှာလည်း ညောင်ရေသွန်းလောင်းကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ဖြစ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ညောင်ရေသွန်းနေတဲ့ ပုံရိပ်တွေနဲ့အတူ ” ကဆုန်လပြည့်နေ့ ညောင်ရေသွန်းဖြစ်ခဲ့ပါတယ်ရှင်” ဆိုတဲ့စာလေးကိုဖော်ပြထားပါတယ်။

Yuan – Cele Zone

Photo – Khine Hnin Wai

error: Content is protected !!