တောင်ငူမှာအတူတူသွားရောက်ဖျော်ဖြေရင်း ပရိသတ်တွေနဲ့ခုန်ပေါက်ပျော်ရွှင်ခဲ့တဲ့ G-Fatt နဲ့ နန်းဆုရတီစိုး

Posted on

ပြီးခဲ့တဲ့တန်ဆောင်တိုင်ပိတ်ရက်လေးမှာ G-Fatt နဲ့ နန်းဆုတို့နှစ်ယောက်သားအပြင် အခြားအနုပညာရှင်တွေလည်း တောင်ငူမှာ သွားရောက်ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ကေတုမတီ တောင်ငူ မြို့တည်နန်းတည် (၅၀၉) နှစ်ပြည့်ပွဲအတွက် သွားရောက် ဖျော်ဖြေနေကြတာပဲဖြစ်ပါတယ်။ အတူတူသွားရောက်ဖျော်ဖြေတာကို ပုံတွေမတင်ဖြစ်ပေမယ့် နှစ်ယောက်သားဖျော်ဖြေတဲ့ စတိတ်စင်ကြီးကတော့ အတူတူပါပဲ။

နှစ်စဉ်နှစ်တိုင်းစည်ကားခဲ့တဲ့ ဒီပွဲကြီးမှာ အနုပညာရှင်တော်တော်များများလာရောက်ဖျော်ဖြေကြပြီး အားပေးသူပရိသတ်တွေက လည်း အများအပြားပါပဲ။ G-Fatt ကလည်း ပရိသတ်ကြီးနဲ့အတူ G-Fatt ဆိုတဲ့နာမည်ကိုပြိုင်တူအောင်ခဲ့ပြီး တကယ့်ကို ပျော်စရာကောင်းတဲ့အချိန်တွေကို ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ နန်းဆုတစ်ယောက်ကလည်း ပရိသတ်တွေကို ရွှင်မြူးခုန်ပေါက် ကာ ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုလေးကိုလည်း ဝေမျှခဲ့ပါသေးတယ်။

နှစ်ယောက်သားအချစ်ရေးက ပြန်လည်အဆင်ပြေသွားပြီဖြစ်ပေမယ့် အရင်ကလိုတော့ ပုံရိပ်လေးတွေ သိပ်မတင်ဖြစ်တော့ပါ ဘူး။ ပရိသတ်တွေကလည်း အဆင်ပြေမပြေ သေချာမသိတဲ့ အနေအထားတစ်ခုမှာ အခုလိုဖျော်ဖြေပွဲတစ်ခုကို အတူတူ သွားရောက်ဖျော်ဖြေတယ်ဆိုတော့ အားလုံးကိုလည်း ပျော်ရွှင်ရတဲ့အချစ်ရေးလေးတစ်ခုပြန်ဖြစ်နေပြီဆိုတာ သက်သေပြ လိုက်သလိုပေါ့နော်။

Photo – G-Fatt / Nansu Yati Soe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ေတာင္ငူမွာအတူတူသြားေရာက္ေဖ်ာ္ေျဖရင္း ပရိသတ္ေတြနဲ႔ခုန္ေပါက္ေပ်ာ္ရႊင္ခဲ့တဲ့ G-Fatt နဲ႔ နန္းဆုရတီစိုး ”

ျပီးခဲ့တဲ့တန္ေဆာင္တိုင္ပိတ္ရက္ေလးမွာ G-Fatt နဲ႔ နန္းဆုတို႔ႏွစ္ေယာက္သားအျပင္ အျခားအႏုပညာရွင္ေတြလည္း ေတာင္ငူမွာသြားေရာက္ေဖ်ာ္ေျဖခဲ့တာပဲျဖစ္ပါတယ္။ ေကတုမတီ ေတာင္ငူ ျမိဳ႕တည္နန္းတည္ (၅၀၉) ႏွစ္ျ ပည့္ပြဲအတြက္ သြားေရာက္ေဖ်ာ္ေျဖေနၾကတာပဲျဖစ္ပါတယ္။ အတူတူသြားေရာက္ေဖ်ာ္ေျဖတာကို ပံုေ တြမတင္ျဖစ္ေပမယ့္ ႏွစ္ေယာက္သားေဖ်ာ္ေျဖတဲ့ စတိတ္စင္ၾကီးကေတာ့ အတူတူပါပဲ။

ႏွစ္စဥ္ႏွစ္တိုင္းစည္ကားခဲ့တဲ့ ဒီပြဲၾကီးမွာ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားလာေရာက္ေဖ်ာ္ေျဖၾကျပီး အားေပး သူပရိသတ္ေတြကလည္း အမ်ားအျပားပါပဲ။ G-Fatt ကလည္း ပရိသတ္ၾကီးနဲ႔အတူ G-Fatt ဆိုတဲ့နာမည္ကိုျပိဳင္တူေအာင္ ခဲ့ျပီး တကယ့္ကိုေပ်ာ္စရာေကာင္းတဲ့အခ်ိန္ေတြကို ကုန္ဆံုးခဲ့တာပဲ ျဖစ္ပါတယ္။ နန္းဆုတစ္ေယာက္ကလည္း ပရိသတ္ေတြကို ရႊင္ျမဴးခုန္ေပါက္ကာ ေဖ်ာ္ေျဖခဲ့တဲ့ ဗီဒီယိုေလးကိုလည္း ေဝမွ်ခဲ့ပါေသးတယ္။

ႏွစ္ေယာက္သားအခ်စ္ေရးက ျပန္လည္အဆင္ေျပသြားျပီျဖစ္ေပမယ့္ အရင္ကလိုေတာ့ ပံုရိပ္ေလးေတြ သိပ္မတင္ျ ဖစ္ေတာ့ပါဘူး။ ပရိသတ္ေတြကလည္း အဆင္ေျပမေျပ ေသခ်ာမသိတဲ့ အေနအထားတစ္ခုမွာ အခုလိုေဖ်ာ္ေျဖ ပြဲတစ္ခုကို အတူတူသြားေရာက္ေဖ်ာ္ေျဖတယ္ဆိုေတာ့ အားလံုးကိုလည္း ေပ်ာ္ရႊင္ရတဲ့အခ်စ္ေရးေလးတစ္ခုျပန္ျ ဖစ္ေနျပီဆိုတာ သက္ေသျပလိုက္သလိုေပါ့ ေနာ္။

Photo – G-Fatt / Nansu Yati Soe
Happy – Cele Zone