ခုလိုချိန်မှာ မရှိအတူ ရှိအတူမို့ လိုအပ်နေသူတွေကို တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ နေဒွေး

နေဒွေးကတော့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်ကူညီအားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ နေဒွေးကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာဖြစ်ပါတယ်။

နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာများကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း နေဒွေးတစ်ယောက် စုပေါင်းအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မြောက်ဥက္ကလာ ၂ရပ်ကွက် မှာနေထိုင်တဲ့ စားဝတ်နေရေးခက်ခဲနေသော အဖိုးအဖွား ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များကို သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ ခုလိုချိန်မှာ မရှိအတူ ရှိအတူမို့ လိုအပ်နေသူတွေကို တတ်နိုင်သလောက် ဝေမျှပေးမယ့် အကြောင်းလေးကိုလည်း ဖော်ပြထားပါသေးတယ်။ နေဒွေးလည်း ဒီထက်မက လှူဒါန်းမှုတွေ ပြုလုပ်နိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Nay Dway