ဒလမြို့နယ်က အမှန်တကယ်ခက်ခဲနေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

ပရဟိတဆိုတာ ကိုယ်ကျိုးစွန့်ပြီးအများအကျိုးကိုဆောင်ရွက်ရတဲ့အလုပ်မို့ တော်ရုံလူမလုပ်နိုင်ပါဘူး။ ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့ စေတနာကတော့ တကယ့်ကိုအံ့မခန်းပါပဲနော်။ လိုအပ်တဲ့နေရာတွေဆီကို ဘယ်လောက်ဝေးဝေး ကိုယ်တိုင်အရောက်သွားပြီး အကူအညီလိုတဲ့လက်တွေကို အနွေးထွေးဆုံး ဖေးမပေးခဲ့သူတစ်ယောက်ပါ။

ဒီလိုကာလမှာဆိုရင် အကူအညီလိုအပ်နေသူတွေလည်း အများအပြားရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း အလှူရှင်တွေကိုယ်စား ဒလမြို့နယ်က အမှန်တကယ်ခက်ခဲနေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် အခြေခံစားသောက်ကုန်များကို ကိုယ်တိုင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်းဖော်ပြထားပါတယ်။

နေ့ရက်တိုင်း ကိုယ်တိုင် နေရာအစုံကိုသွားရောက်ကာ ကူညီလှူဒါန်းပေးနေတဲ့ စိတ်ဓာတ်လေးကို လေးစားမိတာ အမှန်ပါပဲနော်။ သူရဲ့အလှူလေးနဲ့ပတ်သက်ပြီးလည်း ” ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်များ ကိုယ်စား ဒလမြို့နယ်၊ ဆာဖာရီချောင်ကျူး အိမ်များထဲမှ အမှန်တကယ် ခက်ခဲလိုအပ်နေသော အိမ်ထောင်စု ၁၀၀စု သို့  တစ်အိမ်ထောင်လျှင် ဆန် ၃ပြည် ငါးခြောက် ကုလားပဲ ကြက်သွန်နီ ငါးပြာရည် အချိုမှုန့် တို့ကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။”ဆိုတဲ့စာလေးကို ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

 

Yuan – Cele Zone

Photo – Wai Lu Kyaw