မျက်စိရှေ့မှာတင်ပဲ အသက်ဆယ်နှစ်ပြည့်သွားတဲ့သမီးလေးကိုကြည့်ပြီး မွေးစတုန်းက အမှတ်တရတွေကို သတိရနေတဲ့ နိုင်းနိုင်းရဲ့ဇနီး စန္ဒီချို

Posted on

မိသားစုကြီးလို့ဆိုနိုင်တဲ့ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ရဲ့အသိုက်အမြုံလေးဟာ ချစ်မေတ္တာတွေနဲ့ နွေးထွေးလုံခြုံနေခဲ့ပါတယ်။ ချစ်စရာ ကောင်းတဲ့ သားသမီးလေးယောက်ကို ပိုင်ဆိုင်ထားပြီး သမီးအကြီးဆုံးလေးဟာ ဒီနေ့မှာပဲ အသက်ဆယ်နှစ်ပြည့်မြောက် သွားခဲ့ပြီပဲဖြစ်ပါတယ်။ မိဘတွေနဲ့ မျက်လုံးထဲမှာတော့ သားသမီးအသက်ဘယ်လောက်ကြီးကြီး ကလေးလေးလို့ပဲ မြင်နေတယ်ဆိုတာ တော့ အသေအချာပါပဲ။

ဒီနေ့မှာလည်း စန္ဒီချိုတစ်ယောက် ချစ်ရတဲ့သမီးလေးရဲ့ဆယ်နှစ်ပြည့်မွေးနေ့လေးကို သမီးလေး ကို စမွေးတုန်းက သမီးလေးအတွက်လုပ်ပေးခဲ့တာလေးတွေကို အမှတ်တရပြန်ပြောပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သမီးလေး အရွယ်ရောက်လာပြီး အခုဆိုရင်ဆယ်နှစ်တောင် ပြည့်သွားခဲ့ပေမယ့် သူမရဲ့စိတ်ထဲမှာတော့ ဆယ်လသမီးလေးလို့သာ ထင်နေတယ်လို့ဆိုပါတယ်။

သူမရဲ့ခံစားချက်လေးကို ” My dear sweet first child…oh where did the time go? One minute, I was soothing you to sleep, waking up in the middle of the night to prepare your bottle, change your diaper, and rock you back to sleep…and then I closed my eyes, and now look at you, all grown up and ready to learn what life has in store for you. 10 years felt like 10 months ” ဆိုပြီး သမီးလေးရဲ့မွေးနေ့မှာ ပြောပြခဲ့တာပဲဖြစ်ပါတယ်။ Happy Birthday ပါ ကလေးရေ။

Photo – စန္ဒီချို
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – စန္ဒီချို
Happy – Cele Zone