တရုတ်ရိုးရာဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်လွန်းနေကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံ

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်သွားခဲ့တဲ့ ရွှေစုံတွဲလေးကတော့ ဒီနေ့မှာပဲ တရုတ်ရိုးရာ ဝတ်စုံလေးကိုဆင်မြန်းပြီး နှစ်ယောက်သားအရမ်းကို ရိုမန့်တစ်ဆန်တဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ အသားအနည်းငယ်ညိုတဲ့ရွှေထူးကလည်း ဒီလိုလေးဝတ်လိုက်တော့ တကယ့်တရုတ်လေးလိုပါပဲပရိသတ်ကြီးရေ။

သဲကတော့ အစကတည်းကပြောစရာမလိုအောင် လှတဲ့သူလေးဆိုတော့ တကယ့်ကို ပြီးပြည့်စုံနေခဲ့ပါတယ်။ အနီရောင် တရုတ်ရိုးရာဝတ်စုံလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပြီး ကြည့်ကောင်းလွန်းနေတဲ့ ဒီချစ်စရာရွှေဇနီးမောင်နှံလေးကတော့ ဘယ်အချိန်ကြည့်ကြည့် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်တယ်ဆိုတာ ပေါ်လွင်နေခဲ့ပါတယ်။

နှစ်ယောက်သားရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ” အမည်းကောင် တရုတ်လို ရိုက်သောအခါ… Photoshop ကြောင့် အသားတွေဖြူနေပါကြောင်း ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အချစ်မှာ အသားအရောင်တွေမရှိ အဆင့်အတန်းတွေ မရှိ အချစ်မှာဘာဆိုဘာမှမရှိပဲ အချစ်သီးသန့်ပဲ ရှိတာမို့ နှစ်ယောက်သားက အချိန်တိုင်းမှာ နေနဲ့လ ရွှေနဲ့မြ ပါပဲနော်။

Photo – Htoo Khant
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Htoo Khant
Happy – Cele Zone